ဆန္ဒပြသူ များပြားလာသည့်အတွက် ပြည်လမ်းကို ပိတ်လိုက်ပြီ (ဓာတ်ပုံ)





2K
လိပ်ကျွန်းအမှု သေဒဏ်ချမှတ်လိုက်တဲ့အပေါ် တရားမျှတစွာ ပြန်လည်ဆုံးဖြတ်ပေးဖို့ ဒီဇင်ဘာ ၂၅ ရက်နေ့က ပြည်လမ်းမပေါ်မှာ ဆန္ဒပြနေသူတွေ အင်အားတဖြည်းဖြည်း များလာကြောင့် ပြည်လမ်းကို ပိတ်လိုက်ရပါတယ်။
ထိုင်းသံရုံးရှိတဲ့ ရန်ကုန်မြို့ မနော်ဟရီလမ်းကို ဒီနေ့မနက်ကတည်းက ရဲတပ်ဖွဲ့တွေ၊ သံဆူးကြိုးအရံအတားတွေနဲ့ ပိတ်ထားတာ ဖြစ်ပြီး ဆန္ဒပြသူတွေက မနော်ဟရီလမ်းထိပ်နဲ့ ပြည်လမ်း ထောင့်မှာ စုရုံးဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - မြတ်သူအောင်