လိပ်ကျွန်းအမှု ပဲခူးတွင် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တကိုယ်တော်ဆန္ဒပြ (ရုပ်သံ)

ထိုင်းနိုင်ငံလိပ်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးခံ မြန်မာလူငယ် နှစ်ဦးကို သေဒဏ်ပေးတာနဲ့ ပတ်သက်လို့ ပဲခူးမြို့မှာ အမျိုးသမီးငယ်တဦးက ဒီနေ့ တကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။ မြန်မာအလုပ်သမား နှစ်ဦးကို မတရားစွပ်စွဲ ဖမ်းဆီးပြီး သေဒဏ်ချမှတ်လိုက်တာကို မကျေနပ်လို့ အခုလို တကိုယ်တော်ဆန္ဒပြတာဖြစ်ကြောင်း ဆန္ဒပြတဲ့ အမျိုးသမီးငယ် မလင်းလဲ့လဲ့လှိုင်က ပြောပါတယ်။ “မတရားစွပ်စွဲခံရတယ်။ မြန်မာနိုင်ငံသားတွေ မကျူးလွန်ဘူးဆိုတာ သိလျက်နဲ့ တမင်စွပ်စွဲတာ။ တမင်စွပ်စွဲလို့ သမီးတို့ မြန်မာနိုင်ငံသားတယောက်အနေနဲ့ လုံးဝမခံနိုင်ဘူး။ မခံနိုင်တဲ့အပြင် သမီးတို့ မြန်မာနိုင်ငံ သိက္ခာကျတယ်။ မဟုတ်ဘဲနဲ့ စွပ်စွဲခံရတာကြောင့် အထက်ကလူတွေသိအောင် သမီးရဲ့ရင်ထဲက ဆန္ဒကို ထုတ်ဖော်တာ။” ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်နေ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် မလင်းလဲ့လဲ့လှိုင်ဟာ ဒီနေ့မနက် ၈ နာရီလောက်က စတင်ပြီး ကျွန်းသာယာရပ်ကွက်ကနေ ရွှေမော်ဓောဘုရားရင်ပြင်တော်အထိ ဆန္ဒထုတ်ဖော်ခဲ့ပြီး ဝတ်ပြုဆုတောင်းတာလည်း  ပြုလုပ်ခဲ့ပါတယ်။ ရုပ်သံ - ကိုသားကြီး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up