လိပ်ကျွန်းအမှု ဆန္ဒပြသူများ တဖြည်းဖြည်းများလာ (ရုပ်သံ)

လိပ်ကျွန်းအမှု သေဒဏ်ချမှတ်လိုက်တဲ့အပေါ် တရားမျှတစွာ ပြန်လည်ဆုံးဖြတ်ပေးဖို့ ပြည်လမ်းမပေါ်မှာ ဆန္ဒပြနေသူတွေ အင်အား တဖြည်းဖြည်း များလာနေပါတယ်။ လိပ်ကျွန်းအမှု မျှတစွာ ပြန်လည်ဆုံးဖြတ်ပေးဖို့ ထိုင်းသံရုံးရှေ့ ဆန္ဒပြနေသူတွေကို ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဝင်းရွှေက လာရောက်တားမြစ်ခဲ့ပြီးနောက် ပြည်လမ်းမပေါ် ဆန္ဒပြနေရာမှာ တဖြည်းဖြည်း လူအင်အား များလာတာဖြစ်ပါတယ်။ မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ  ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ စွပ်စွဲဖမ်းဆီးခံရပြီး အမှုရင်ဆိုင်ခဲ့ကြရတဲ့ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီဇင်ဘာ ၂၄ ရက်နေ့က သေဒဏ်ချမှတ်လိုက်တဲ့အပေါ် မျှတစွာ ပြန်လည်တရားစီရင်ပေးဖို့ အခုလို တောင်းဆိုဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up