ထိုင်းသံရုံးရှေ့ ဆန္ဒပြနေသူများကို ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး လာရောက်တားမြစ် (ရုပ်သံ)
DVB
·
December 25, 2015
လိပ်ကျွန်းအမှု မျှတစွာ ပြန်လည်ဆုံးဖြတ်ပေးဖို့ ထိုင်းသံရုံးရှေ့ ဆန္ဒပြနေသူတွေကို ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဝင်းရွှေက လာရောက်တားမြစ်ခဲ့ပါတယ်။
လိပ်ကျွန်းအမှု သေဒဏ်ချမှတ်လိုက်တဲ့အပေါ် တရားမျှတမှုမရှိတဲ့ စီရင်ချက် ဖြစ်တာကြောင့် တရားမျှတစွာ ပြန်လည်ဆုံဖြတ်ပေးဖို့ လူတချို့က ဒီဇင်ဘာ ၂၅ ရက်နေ့ ရန်ကုန်မြို့ မနောဟရီလမ်းမှာရှိတဲ့ ထိုင်းသံရုံးရှေ့မှာ ဒီနေ့ မနက် ၈ နာရီကျော်က ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြတာ ဖြစ်ပါတယ်။