A d v e r t i s e m e n t With Us

အီရတ်စစ်တပ်က အိုင်အက်စ်လက်မှ ရာမီဒီမြို့ကို ပြန်တိုက်ယူမှု ရုပ်သံထွက်ပေါ်

အီရတ်စစ်တပ်က ရာမာဒီမြို့ကို အပြည့်အဝ ပြန်ထိန်းချုပ်နိုင်ရေး အိုက်အက်စ် စစ်သွေးကြွအုပ်စုဆီက ပြန်ယူဖို့ တိုက်နေတာကို ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရတာပါ။ ဒီဇင်ဘာ ၂၂ ရက်နေ့ကတည်းက ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာတော့ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ရှီးယားမွတ်စလင် ပြည်သူ့စစ်တွေနဲ့ ဒေသခံ ဆွန်နီမွတ်စလင် တိုင်းရင်းသားတွေက ထောက်ပံ့တဲ့ ပြိုင်ဘက်တွေနဲ့ သံသယတွေ ရှုပ်ထွေးနေပါတယ်။ အမေရိကန်အရာရှိတွေက မြို့ကို ပြန်သိမ်းရေး နှောင့်နှေးမှုအပေါ် စိတ်ပျက်ကြောင်း ပြခဲ့ပါတယ်။ ဆီးရီးယားနယ်စပ်က စစ်သွေးကြွတွေရဲ့ စစ်ဆင်ရေးကိုလည်း စိုးရိမ်နေပါတယ်။ အီရတ် အစိုးရတပ်တွေက စစ်သွေးကြွတွေ တပ်စွဲထားတဲ့ ရာမာဒီမြို့လယ်မှာ နောက်ဆုံးကျန်နေတဲ့ ခရိုင်ကို အာရုံစိုက် တိုက်နေပါတယ်။ ရာမာဒီမြို့ဟာ အန်ဘာခရိုင်ရဲ့ မြို့တော်ဖြစ်ပြီး နိုင်ငံရဲ့ မြို့တော် ဘဂ္ဂဒက်ကနေ မိုင် ၆၀ ပဲ ဝေးပါတယ်။ ယူဖရေးတီးစ်မြစ်ကမ်းပေါ်မှာရှိတဲ့ ဆွန်နီမွတ်စလင် ကြီးစိုးရာမြို့လည်း ဖြစ်ပါတယ်။ အီရတ်စစ်တပ် အကြီးအကဲကတော့ ရက်ပိုင်းအတွင်း ဒီမြို့ကို သိမ်းယူမယ်လို့ ဒီဇင်ဘာ ၂၃ ရက်နေ့က ပြောတဲ့အကြောင်း အစိုးရရုပ်သံက ကြေညာပါတယ်။ အခွင့်အရေး အလွဲသုံးစား လုပ်တာတွေကို ရှောင်ရှားဖို့ အီရတ်အစိုးရက သူ့တပ်ကိုသာ လုံးလုံး အားကိုးချင်ပြီး ရှီးယားမွတ်စလင် ပြည်သူ့စစ်တွေကို မသုံးဖို့ လိုလားနေခဲ့တာပါ။ ဒါကြောင့် တိုးတက်မှုတွေ နှေးကွေးခဲ့ပါတယ်။ အီရတ်ဟာ ရေနံထုတ်လုပ်ရောင်းချရာ အိုပက်အဖွဲ့ဝင် အဓိကနိုင်ငံလည်းဖြစ်ပြီး အမေရိကန်ရဲ့ မဟာမိတ်လည်း ဖြစ်ပါတယ်။ နိုင်ငံရဲ့ ၃ ပုံ ၁ ပုံကို မနှစ်ကစပြီး အိုင်အက်စ် စစ်သွေးကြွက သိမ်းပိုက်ခဲ့ပြီး ဘာသာရေးဆရာ အုပ်ချုပ်တဲ့ ခါလီဖာနိုင်ငံအဖြစ် ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up