A d v e r t i s e m e n t With Us

မြန်မာနိုင်ငံသား ၂ ဦးအတွက် ကျမတို့ မျက်ရည်ကျရတယ် – ဆန္ဒပြအမျိုးသမီးတဦး (ရုပ်သံ)

လိပ်ကျွန်းအမှု သေဒဏ်ချမှတ်လိုက်တဲ့အပေါ် တရားမျှတမှုမရှိတဲ့ စီရင်ချက် ဖြစ်တာကြောင့် တရားမျှတစွာ ပြန်လည်ဆုံးဖြတ်ပေးဖို့ လူတချို့က ဒီဇင်ဘာ ၂၅ ရက်နေ့ ရန်ကုန်မြို့ မနောဟရီလမ်းမှာရှိတဲ့ ထိုင်းသံရုံးရှေ့မှာ ဒီနေ့ မနက် ၈ နာရီကျော်က ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ ဆန္ဒပြအမျိုးသမီးတဦးက “ကျမတို့ရင်ထဲမှာ ခံစားနေရတာက ကိုယ့်ရဲ့ မြန်မာနိုင်ငံသား နှစ်ဦးအတွက် မျက်ရည်ကျရတယ်။ တညလုံး ငိုခဲ့ရတယ်။ ကျမတို့သားသမီးတွေအတွက်၊ ကျမတို့ မောင်တို့အတွက် ကျမတို့ လာပြီးပြောတာ၊ ပြောပိုင်ခွင့်လည်းရှိတယ်” လို့ ပြောပါတယ်။ မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ စွပ်စွဲဖမ်းဆီးခံရပြီး အမှုရင်ဆိုင်ခဲ့ကြရတဲ့ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီဇင်ဘာ ၂၄ ရက်နေ့က သေဒဏ်ချမှတ်လိုက်တာပါ။

A d v e r t i s e m e n t With Us

More News
Up