A d v e r t i s e m e n t With Us

ထိုင်းသံရုံးရှေ့ ဆန္ဒပြပြီ (ရုပ်သံ)

လိပ်ကျွန်းအမှု သေဒဏ်ချမှတ်လိုက်တဲ့အပေါ် တရားမျှတမှုမရှိတဲ့ စီရင်ချက်ဖြစ်တာကြောင့် တရားမျှတစွာ ပြန်လည်ဆုံးဖြတ်ပေးဖို့ လူတချို့က ဒီဇင်ဘာ ၂၅ ရက်နေ့ ရန်ကုန်မြို့ မနောဟရီလမ်းမှာရှိတဲ့ ထိုင်းသံရုံးရှေ့မှာ ဒီနေ့ မနက် ၈ နာရီကျော်က ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ မနောဟရီလမ်းမှာရှိတဲ့ ထိုင်းသံရုံးလမ်းကို အသွားအလာ ယာယီပိတ်ထားကြောင်း တွေ့မြင်ရပါတယ်။ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ တရားခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့အပေါ်  ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up