A d v e r t i s e m e n t With Us

နှစ် ၃၀ ကျော်ကြာ အသုံးမပြုခဲ့သည့် မာန်အောင်လေယာဉ်ကွင်း ဖွင့်လှစ်တော့မည်

နှစ် ၃၀ ကျော်လောက် အသုံးမပြုခဲ့တဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့က လေယာဉ်ကွင်းကို ပြန်လည်ပြုပြင်နေပြီး လာမယ့် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ဖွင့်လှစ်ဖို့ မြန်မာ အမျိုးသားလေကြောင်းနဲ့ မာန်အောင်အများပိုင်ကုမ္ပဏီတို့က ပူးပေါင်းပြင်ဆင်နေကြပါတယ်။ ပင်လယ်ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းသုံးကျွန်းတည်ရှိရာ မာန်အောင်မြို့အတွက် ရေလမ်းကိုပဲ အားကိုးပြီး သွားလာနေကြရတာပါ။ ဒေသခံတွေ အနေနဲ့ ရေလမ်းကုန်းလမ်း အသုံးပြုသွားလာရတဲ့အတွက် အချိန်ကြန့်ကြာမှုတွေ ရှိနေတာကြောင့် ဈေးနှုန်းသက်သာပြီး လေကြောင်းနဲ့ ခရီးသွားလာနိုင်ဖို့ မျှော်လင့်ခဲ့ကြတယ်လို့ မာန်အောင်အများပိုင် ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးသိန်းမြတ်စိုးက ပြောပါတယ်။ ဒီလေယာဉ်ကွင်းကို အစိုးရဘတ်ဂျက်ငွေနဲ့ သော်တာဝင်းကုမ္ပဏီက ပြန်လည်ပြုပြင်ခဲ့တာ ဖြစ်ပါတယ်။ မာန်အောင်မြို့က စမုံတဲ လေယာဉ်ကွင်းလို့ အရင်က ခေါ်ယူခဲ့တဲ့ ဒီလေယာဉ်ကွင်းကို ၁၉၇၂ ခုနှစ်က စတင်အသုံးပြုခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ရပ်နားခဲ့တာပါ။ အခုလို ပြုပြင်ပြီးနောက် မာန်အောင် လေယာဉ်ကွင်းလို့ ခေါ်ဝေါ်ကာ MNA မြန်မာ့အမျိုးသားလေကြောင်းက ရန်ကုန်၊ မာန်အောင်၊ ကျောက်ဖြူ၊ စစ်တွေမြို့တွေ အပါအ၀င် ၂၇ မြို့နယ်ကို ပျံသန်းပြေးဆွဲသွားမှာပါ။ လေယာဉ်လက်မှတ်တွေကို ရန်ကုန် ဘူတာကြီးရှေ့က မန်အောင်အများပိုင်ကုမ္ပဏီရုံးနဲ့ မန်အောင် ကုန်းခင်းရွာက ကုမ္ပဏီရုံးခန်းတွေမှာ စတင်ရောင်းချပေးနေပြီဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up