A d v e r t i s e m e n t With Us

အမေဇုန်တောတွင်း ပျောက်ဆုံးခဲ့သည့် ကမ္ဘာလှည့်ခရီးသည် ၂ ဦးကို ကယ်တင် (ရုပ်သံ)

ကိုလံဘီယာလေတပ်ဟာ အမေဇုန်တောတွင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ ပိုလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၂ ဦးကို ကယ်တင်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်မှာ လေတပ်သားတွေဟာ ရဟတ်ယာဉ်ပေါ်ကနေ ကြိုးချပေးပြီး အဲဒီလူ ၂ ဦးကို အန္တရာယ်ကင်းစွာ ကယ်တင်ခဲ့တာကို တွေ့ရတာပါ။ တွန်မနစ်ဇက်ပန်စကီနဲ့ မက်ဆီတာရာဆင် အမည်ရတဲ့ ပိုလန်နိုင်ငံသား ခရီးသည် ၂ ဦးဟာ ကိုလံဘီယာနိုင်ငံအနောက်ပိုင်း၊ ဆီရာချီရီဘီကိ တောင်တန်းတွေထဲ တောတွင်း တောင်တက်ခရီးစဉ်တွင်းမှာ ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ခရီးသည် ၂ ဦးထဲမှ ၁ ဦးကို မြွေကိုက်ခံခဲ့ရလို့ ကုသပေးပြီးနောက်မှာတော့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူတို့ကို ဆေးစစ်ကုသမှု ခံယူနိုင်ဖို့ ဘိုဂိုတာကို လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up