Monday, June 5, 2023
Homeနိုငျငံတကာရုရှားအစိုးရကို ဝေဖန်သည့် ရေနံသူဌေးဟောင်းကို ဖမ်းဝရမ်းထုတ်

ရုရှားအစိုးရကို ဝေဖန်သည့် ရေနံသူဌေးဟောင်းကို ဖမ်းဝရမ်းထုတ်

အစိုးရကို ဝေဖန်သူနဲ့ အရင် ရေနံသူဌေးဟောင်း စီးပွားရေးသြဇာရှင် မီခေးလ် ခိုဒိုကော့လ်စကီးကို နိုင်ငံတကာမှာ ရှာဖွေဖမ်းဆီးဖို့ ဝရမ်းကို ရုရှားအစိုးရက ဒီဇင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

သူဟာ လူသတ်မှုမှာ ပါဝင်ပတ်သက်ခဲ့ကြောင်း သက်သေအသစ်တွေက ပြနေတယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီ ပြောခွင့်ရ ဗလာဒီမီယာ မာကင်က ပြောပါတယ်။

သူဟာ ဆိုက်ဘေးရီးယား ရေနံမြို့ရဲ့ မြို့တော်ဝန်ကိုသတ်ဖို့ ငယ်သားတွေကို အမိန့်ပေးခဲ့တယ်လို့ ရဲတွေက စွပ်စွဲထားပါတယ်။

သူဟာ ၂၀၀၃ ခုနှစ်က အဖမ်းခံခဲ့ရဖူးပါတယ်။ အဲဒီနောက် အတုလုပ်မှု၊ အခွန်ရှောင်မှုတွေနဲ့ စွပ်စွဲခံခဲ့ရဖူးပါတယ်။

သူကတော့ ဒီစွဲချက်တွေအားလုံးဟာ နိုင်ငံရေးအရ လှုပ်ရှားခဲ့တာတွေလို့ ပြောပြီး ငြင်းဆန်ခဲ့ပါတယ်။

သူ့ကို ၂၀၁၃ မှာ လွှတ်ပေးခဲ့ပြီးတဲ့နောက် သူဟာ ဂျာမနီကို လေယာဉ်နဲ့ ထွက်ခဲ့တာပါ။ အဲဒီနောက် သူ့ရဲ့ အချိန်အများအပြားကို လန်ဒန်မှာ နေထိုင်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေး ကော်မတီဟာ ခိုဒိုကော့လ်စကီးကို တရားစီရင်ဖို့ တရားရေး လုပ်ငန်းစဉ်တိုင်းကို လုပ်သွားမယ်၊ အပြစ်ဒဏ်က လူတိုင်းအတွက် ခြွင်းချက်မရှိ ရှောင်လွှဲလို့ မရဘူးလို့ မာကင်က ပြောပါတယ်။

ကော့လ်စကီး တည်ထောင်ခဲ့တဲ့ ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုအဖွဲ့ မော်စကိုရုံးခန်းကို လက်နက်ကိုင်ရဲတွေက ဝင်စီးနင်းအပြီး နောက်နေ့မှာ ရုရှားအစိုးရက ခုလို ဝရမ်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular