A d v e r t i s e m e n t With Us

လိပ်ကျွန်းအမှု မြန်မာလူငယ် ၂ ဦးကို သေဒဏ်ချမှတ်

မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ တရားခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီနေ့ သေဒဏ်ချမှတ်လိုက်ပါတယ်။ ကော့စမွီခရိုင် တရားရုံးက တရားခံ ဇော်လင်းနဲ့ ဝေဖြိုးကို ပြစ်မှု ၇ မှုနဲ့ သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်းခိုးယူမှု၊ တရားမ၀င်နိုင်ငံ ခိုးဝင်မှု၊ ထိန်ချန်မှု၊ ပူးပေါင်းပါဝင်ပတ်သက်မှု တို့ဖြစ်ပါတယ်။ တရားရုံးက ခုလို စီရင်ချက်ချလိုက်တာနဲ့ ပတ်သက်ပြီး အမှုစဖြစ်ကတည်းက မြန်မာလူငယ် ၂ ဦးဘက်ကနေ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းတောင်ပိုင်း လူ့အခွင့် အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ကိုမိုးဝေက အခုလိုပြောပါတယ်။ “ကျနော်တို့လည်း အစွမ်းကုန်ကြိုးစားခဲ့ကြတယ်၊ မြန်မာအစိုးရကလည်း အစွမ်း ကုန်ကြိုးစားတာရှိတယ်။ ဒါပေမယ့် သူတို့ဘက်က သက်သေတွေ အထောက်အထားတွေ အချက်အလက်တွေပေါ် မူတည်ပြီးတော့ သွားတာကိုး၊ ကျနော့်အနေနဲ့ စိတ်မကောင်းဘူးဗျာ။ ဒါပေမယ့် ကျနော်တို့ ဇွဲမလျှော့ပါဘူး၊ နောက်ထပ် အဆင့်မြင့်တရားရုံးကို တက်ပြီးအယူခံ ၀င်မှာပါ။ တစ်လအတွင်း အယူခံဝင်လို့ရတယ်ဆိုတော့ ဒီတပတ်အတွင်း အယူခံဝင်မယ်။ ထိုင်းရှေ့နေများကောင်စီ နဲ့ မြန်မာသံရုံးနဲ့ ပူးပေါင်းပြီး စာရွက်စာတမ်းတွေပြင်ဆင်နေပါတယ်။” ဗြိတိန်နိုင်ငံသား ဒေးဗစ် မေလာ ၂၄ နှစ်နဲ့ ဟန်နာ ၂၃ နှစ်တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့ဖငန်းမြို့နယ် ခိုတောင်ကျွန်းကို အလည်လာရင်း မနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up