ဒရော့ဘာ ချဲလ်ဆီးကို ပြန်လာရေး ဆွေးနွေး

1.9K
အမေရိကန်ပြည်ထောင်စု မေဂျာလိဂ်ပြိုင်ပွဲဝင် မွန်ထရီအင်းပက် ကလပ်အသင်းမှာ ကစားနေတဲ့ ဒရော့ဘာကို ချဲလ်ဆီးအသင်းက ဆက်သွယ်ဆွေးနွေးနေတယ်လို့ ကလပ်က အတည်ပြုပါတယ်။
ချဲလ်ဆီးကစားသမားဟောင်း ဒရော့ဘာကို ပြန်ခေါ်ရေး မွန်ထရီအင်းပက် ကလပ်အသင်းနဲ့ ဆွေးနွေးနေတာလို့ အသင်းရဲ့ လူမှုရေးကွန်ရက် တွစ်တာမှာ ဖော်ပြပါတယ်။
ဒရော့ဘာကို ဘယ်လိုနေရာအတွက် ခေါ်ယူသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပေမယ့် မွန်ထရီအင်းပက်ကတော့ ဒရော့ဘာကို နောက်တရာသီ အသင်းမှာ ဆက်ရှိဖို့ လိုလားနေပါတယ်။
ဒရော့ဘာရဲ့ အသင်းဟောင်းအပေါ်ထားတဲ့ သံယောဇဉ်နဲ့ ကူညီပေးလိုတဲ့ဆန္ဒကို နားလည်တယ်လို့ မွန်ထရီအင်းပက်က ဆိုပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ဆန်းဒါးလန်းနဲ့ပွဲစဉ်မှာ ဒရော့ဘာကို အဗရာမိုဗစ်ခ်ျ၊ ကလပ်အသင်း ယာယီနည်းပြ ဟစ်ဒင့်တို့နဲ့ ထိုင်ပြီး ကြည့်နေတာကို တွေ့ခဲ့ရပါတယ်။
ဟစ်ဒင့်ကလည်း ဒရော့ဘာကို ကလပ်အသင်းဆီ ပြန်လာဖို့ ဆန္ဒရှိနေကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။