A d v e r t i s e m e n t With Us

တရုတ်တွင် သဘာဝဓာတ်ငွေ့ပေါက်ကွဲထွက်၊ အိမ်ခြေ ၃၀၀၀ ခန့် ထိခိုက် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း လန်ကျိုးမြို့မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အက်ကွဲအပြီး ဒီဇင်ဘာ ၂၃ ရက် မနက်က ဓာတ်ငွေ့ပေါက်ကွဲထွက်ခဲ့လို့ အိမ်ခြေ ၃၀၀၀ လောက် ထိခိုက်ခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေ အခင်းဖြစ်ရာကို မရောက်ခင် ရဲတွေက လမ်းတွေကို ပိတ်ခဲ့ပြီး ယာဉ်ကြောထိန်းချုပ်ခဲ့ပါတယ်။ "မနက်ဆယ်နာရီခွဲလောက်မှာ ဓာတ်ငွေ့နံ့ရခဲ့လို့ ဓာတ်ငွေ့ယိုစိမ့်မှုလို့ သံသယဖြစ်ခဲ့တယ်၊ လမ်းတလျှောက် စတိုးဆိုင်တွေက ပိုင်ရှင်တွေကို တံခါးတွေ ပိတ်ထားဖို့ ပြောခဲ့ပြီး လမ်းသွားလမ်းလာတွေကို ထွက်သွားခိုင်းခဲ့တယ်" လို့ ယာဉ်ထိန်းရဲအရာရှိ ဝမ် ယွမ်ဖန်က ပြောပါတယ်။ ဓာတ်ငွေ့တွေ ပြင်းအားလျော့သွားအောင် လန်ကျိုးမီးသတ်ဌာနက ရေတွေ ဖျန်းခဲ့ပါတယ်။ ခွန်းလွန်း သဘာဝဓာတ်ငွေ့ ကုမ္ပဏီရဲ့ ဂန်စုလုပ်ငန်းခွဲ အင်ဂျင်နီယာချုပ် ဆောင်းချင်က သတင်းပို့တာရရချင်း ပိုက်လိုင်းကိုပိတ်ဖို့ လူတွေ အမြန် လွှတ်ခဲ့တယ်လို့ ပြောပါတယ်။ ဓာတ်ငွေ့ဖြန့်ဖြူးမှုကို ဒီဇင်ဘာ ၂၃ ရက် ညနေ ၇ နာရီမှာ ပြန်စဖို့ ကယ်ဆယ်ရေးသမားတွေက ခန့်မှန်းပါတယ်။ မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up