A d v e r t i s e m e n t With Us

ခရီးသွားဧည့်သည်များကို ဆွဲဆောင်ခဲ့သည့် တရုတ်မှ ရေခဲရေတံခွန် (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်မှာ ဒီဇင်ဘာ ၂၃ ရက်နေ့က ရေခဲရေတံခွန်ရှုခင်းကို မြင်တွေ့ခဲ့ရပါတယ်။ ဘန်ရှီမြို့က ဂွမ်မန်းတောင်မှာ ဒီရှုခင်း ပေါ်လာခဲ့တာပါ။ ခရီးသွားဧည့်သည် ကို့ဝေဘန်ကတော့ နေရာတွေ အများကြီး ရောက်ဖူးပေမယ့် ဒီရေခဲရေတံခွန်က ကြည်လင်လှပပြီး ပုံစံအမျိုးမျိုးဖြစ်နေလို့ တခြားနေရာတွေက ရေခဲရေတံခွန်တွေ အများစုထက် ပိုကောင်းတယ်လို့ ပြောခဲ့ပါတယ်။ ရေခဲကမ္ဘာ ဖွဲ့စည်းပုံကြောင့် ခရီးသွားဧည့်သည်တွေက ဓာတ်ပုံတွေ၊ ရုပ်သံတွေ အမြန်ရိုက်ကူးခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up