A d v e r t i s e m e n t With Us

ဆစ်ဒနီမြို့ကို တိုက်ခိုက်ရန် ကြံစည်မှုဖြင့် စွပ်စွဲခံထားရသူ ၂ ဦးကို သြစတြေးလျ ဖမ်းဆီး

ဓာတ်ပုံ - ရိုက်တာ
သြစတြေးလျ ရဲတွေက ဆစ်ဒနီမြို့မှာ တိုက်ခိုက်ဖို့ ကြံစည်တယ်လို့ စွပ်စွဲခံထားရတဲ့ နောက်ထပ် အမျိုးသား ၂ ဦးကို ဖမ်းခဲ့ပြီးပြီလို့ ဒီဇင်ဘာ ၂၃ ရက်နေ့က ပြောပါတယ်။ “သူတို့ဟာ အစိုးရအဆောက်အဦတွေကို တိုက်ခိုက်မယ့် အကွက်ချမှုရဲ့ အစိတ်အပိုင်းဖြစ်တယ်၊ သြစတြေးလျမြေပေါ်မှာတင် ပေါက်ဖွားခဲ့တဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှု ဖြစ်နိုင်ချေကို ကာကွယ်တဲ့ စစ်ဆင်ရေးအတွင်း ဖမ်းခဲ့တာ” လို့ ဆိုပါတယ်။ စစ်ဆင်ရေးအတွင်း ဖမ်းမိသူ ၁၃ ဦးရှိပြီလို့ နယူးဆောက်သ်ဝေးပြည်နယ် ရဲဌာန ဒု-ကော်မရှင်နာမင်းကြီး ကက်သရင်းဘန်းက သတင်းထောက်တွေကို ပြောပါတယ်။ အဖမ်းခံရသူ ၂ ဦးထဲက ၁ ဦးဟာ အကြမ်းဖက်တိုက်ခိုက်မှုကို ပံ့ပိုးဖို့ စာရွက်စာတမ်းတွေ လုပ်ပေးခဲ့မှုနဲ့ တရားစွဲခံရမှာဖြစ်ပြီး နောက် ၁ ဦးကတော့ အကြမ်းဖက်တိုက်ခိုက်မှုအတွက် ပြင်ဆင်ပေးရာမှာ ပူးပေါင်းကြံစည်မှုနဲ့ တရားစွဲခံရမှာပါ။ ဒီလအစောပိုင်းက ရဲတွေဟာ ပစ်မှတ်အလားအလာ နေရာတွေကို တိုက်ဖို့ စီစဉ်မှုတခုတည်းအတွက် အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး ၁ ဦး အပါအဝင် လူ ၅ ဦးကို တရားစွဲခဲ့ပါတယ်။ ပစ်မှတ် အလားအလာတွေထဲမှာ ဆစ်ဒနီမြို့က ပြည်ထောင်စုရဲဌာနချုပ်နဲ့ ရေတပ်အခြေစိုက်စခန်းတို့လည်း ပါဝင်ပါတယ်။ "သီးသန့်နဲ့ လတ်တလော ခြိမ်းခြောက်မှုတွေ မရှိပါဘူး၊ ခရစ္စမတ်နဲ့ နှစ်သစ်အတွက် လှုပ်ရှားနေချိန်မှာ သတိရှိဖို့လိုပေမယ့် လုပ်စရာရှိတာ ဆက်လုပ်နေကြပါ" လို့ ဘန်းက ဒီဇင်ဘာ ၂၃ ရက်နေ့က ပြောပါတယ်။ သြစတြေးလျဟာ အီရတ်နဲ့ ဆီးရီးယားက အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို မဟာမိတ် အမေရိကန်နဲ့အတူ တိုက်နေတာပါ။ မနှစ်ကစပြီး သြစတြေးလျမြေပေါ်မှာ ပေါက်ဖွားတဲ့ အစ္စလာမ္မစ် အမာခံတွေရဲ့ တိုက်ခိုက်မှုတွေအတွက် တပ်လှန့်မှုတွေ တိုးမြှင့်ထားရပါတယ်။ တကိုယ်တော် တိုက်ခိုက်မှုပုံစံ အများအပြား ဖြစ်ပွားခဲ့အပြီး နောက်ထပ် တိုက်ခိုက်မှု အလားအလာတွေကို ရှင်းထုတ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up