A d v e r t i s e m e n t With Us

မေးခွန်း ၃ ခုသာဖြေပြီး သတင်းစာရှင်းလင်းပွဲမှ ထွက်သွားသည့် မန်ယူနည်းပြ

ဓာတ်ပုံ - ရိုက်တာ
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် အသင်းမှာ ဖိအားတွေ ရင်ဆိုင်နေရတဲ့ နည်းပြ ဗန်ဂါးလ်က သတင်းစာရှင်းလင်းပွဲမှာ မေးခွန်း ၃ ခုသာ ဖြေဆိုပြီး ထွက်သွားခဲ့ပါတယ်။ ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗန်ဂါးလ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အထုတ်ခံရနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်နေတဲ့အပေါ် မေးမြန်းခဲ့တဲ့အတွက် မပျော်မရွှင်ဖြစ်ပြီး ထွက်ခွာသွားတာ ဖြစ်ပါတယ်။ မီဒီယာအခန်းထဲကို ၀င်လာပြီး ထိုင်ခုံမှာထိုင်တဲ့ ဗန်ဂါးလ်က စိတ်တိုနေပုံရတယ်လို့ ဆိုပါတယ်။ ဗန်ဂါးလ်အနာဂတ်အပေါ် ခန့်မှန်းချက်တွေ ထွက်ပေါ်လာတာဟာ မလေးစားရာ ရောက်တယ်လို့ အာဆင်နယ်နည်းပြ ၀င်းဂါးက ပြောဆိုခဲ့တဲ့အပေါ် သတင်းထောက်တွေက မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီနောက် ဘာတွေ အမှားအယွင်းလုပ်ခဲ့သလဲနဲ့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေအပေါ် မအံ့သြဘူးလားဆိုတဲ့ မေးခွန်း ၃ ခုကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ မထွက်ခွာခင် သတင်းထောက်တွေကို ပျော်ရွှင်စရာ ခရစ္စမတ်နဲ့ နှစ်သစ်ဖြစ်ဖို့ ဆုတောင်းပြီး နှုတ်ဆက်စကား ပြောဆိုသွားပါတယ်။ ဒီဇင်ဘာ ၂၆ ရက် စတုတ်စီးတီးနဲ့ ကစားမယ့်ပွဲနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဟာ ၅ မိနစ်သာ ကြာမြင့်ခဲ့ပါတယ်။ မန်ယူအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ နိုင်ပွဲမရသေးသလို ၀ုဖ်ဘတ်၊ ဘုန်းမောက်နဲ့ နောဝှစ်ခ်ျတို့ကို ရှုံးနိမ့်ထားပါတယ်။ ဗန်ဂါးလ်ဟာ မန်ယူနဲ့ ချုပ်ဆိုထားတဲ့ ၃ နှစ်သက်တမ်း စာချုပ်အတွက် သက်တမ်းတ၀က်ကို မန်ယူမှာ ထမ်းဆောင်ပြီး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up