ဦးသိန်းစိန်ထံ ဂျပန်ရောက်မြန်မာများ တောင်းဆိုစာပေးပို့






1.3K
ကချင်ပြည်နယ် ဖားကန့်အပါအဝင် မြန်မာနိုင်ငံအတွင်း သယံဇာတတွေကို အထိန်းအကွပ်မဲ့ တူးဖော်ထုတ်ယူနေမှုကို ပွင့်လင်းမြင်သာစွာ ဖြေရှင်းရေးအပါအ၀င် မတရားဖမ်းဆီးခံ ကျောင်းသားကျောင်းသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးဖို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက တောင်းဆိုလိုက်ပါတယ်။
ဂျပန်ရောက်မြန်မာနိုင်ငံသားများရဲ့ တောင်းဆိုစာကို တိုကျို ရှီနဂ၀ မြန်မာသံရုံး သံအမတ်ကြီးကနေတဆင့် သမ္မတ ဦးသိန်းစိန်ထံ ဒီဇင်ဘာ ၂၃ ရက်ညနေက ပေးပို့ခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားဒေသမှာ ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေ ရပ်တန့်ပေးရေး လက်ရှိတာဝန်ရှိအရှိဆုံး သမ္မတဦးသိန်းစိန်အစိုးရက အမြန်ဆုံးဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။
ဂျပန်နိုင်ငံ နေရာအနှံ့အပြား ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ သဘောထားလက်မှတ်တွေကိုလည်း အွန်လိုင်းကပါ စုစည်းကောက်ခံပြီး သမ္မတ ဦးသိန်းစိန်ဆီ ဆက်လက်ပေးပို့သွားမယ်လို့ ဒီလှုပ်ရှားမှု ဦးဆောင်သူတွေက ဒီဗွီဘီကို ပြောပါတယ်။