မြေပြို ပျက်စီးလမ်းကို စကိတ်ကွင်းအဖြစ် ပြောင်းလဲသူများ (ရုပ်သံ)
DVB
·
December 23, 2015
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားက စင်တာကလယ်ရီတာမြို့နားမှာ နိုဝင်ဘာလက မြေပြိုလို့ ပျက်စီးသွားတဲ့ လမ်းကို စကိတ်ကွင်းအဖြစ် ၀ါသနာရှင်တွေက ပြောင်းလဲလိုက်ပါတယ်။
မြေပြိုလို့ ပျက်စီးသွားတဲ့လမ်းဟာ အခွင့်အရေးတခုအဖြစ် တေလာဂျွန်ဆင်နဲ့ သူငယ်ချင်းတွေက ရှုမြင်ခဲ့ပြီး စကိတ်ကွင်းအဖြစ် အသွင်ပြောင်းခဲ့တာပါ။
စကိတ်ဘုတ်တွေကို ယူဆောင်ပြီး ဒီနေရာကိုသွားရောက် စကိတ်စီးခဲ့ကြပါတယ်။
ဒီလို စကိတ်စီးနေတာကို ရိုက်ကူးထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်က ဟောလီးဝုဒ်ရုပ်ရှင် ဇာတ်ကား ဇာတ်ဝင်ခန်းတွေလို ဖြစ်ခဲ့ပါတယ်။
ဒီအတွက် စကိတ်ကွင်းရဲ့ ပုံစံက ကမ္ဘာကြီးပျက်စီးသွားတဲ့ ကာလအလွန်က အသွင်သဏ္ဌာန်ကို ဖော်ကျူးတဲ့ ပုံစံမျိုး ဖြစ်သွားပါတယ်။