A d v e r t i s e m e n t With Us

ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် မီးလောင်မှုဖြစ်ပွား (ရုပ်သံ)

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့မှာ  ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ မီးလောင်တဲ့ အိမ်ဟာ ရပ်ကွက် ၄ ထဲမှာရှိပြီး  မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ မသိရကြောင်း၊ ညနေ ၃ နာရီ မိနစ် ၂၀ မှ ၄ နာရီထိ လောင်ခဲ့တယ်လို့  မိုင်းကိုင်မြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းပန်က ဒီဗွီဘီကို ပြောပါတယ်။ “မီးလောင်သွားတာက ဦးဒုံးကျိတို့အိမ် ဖြစ်ပါတယ်။ သူတို့က အိမ်ဆိုင်လဲရောင်းတယ်၊ ဓာတ်ဆီလည်း ရောင်းတယ်။ ဘယ်ကနေစလောင်လဲတော့ မသိဘူး။ ပေါက်ကွဲသံတွေလည်း ကြားရတယ်။  အပေါ်ထပ်က ပျဉ်ထောင်နဲ့ အောက်ထပ်က တိုက်ခံအိမ်တစ်လုံး မီးထဲပါသွား တယ်။ မော်တော်ကားတစီး၊ ဆိုင်ကယ် ၂ စီးလည်း မီးထဲပါသွားတယ်လို့ ပြောပါတယ်။ လူတော့ ထိခိုက်ဒဏ်ရာရတာ ကြီးကြီးမားမား မရှိဘူး။ မျက်မမြင်လူတယောက်တော့ မီးနည်းနည်း ဟပ်သွားတယ်။” မီးလောင်ရာကို မီးသတ်ကားရော ပတ်ဝန်းကျင်နေပြည်သူတွေပါ ၀ိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဦးစိုင်းပန်က ပြောသွားပါတယ်။ ရုပ်သံ - Kho Khamboy

A d v e r t i s e m e n t With Us

More News
Up