အရက်ဆိုင်ထဲဝင်သည့် သူခိုး မျက်နှာကျက်တွင် ညပ်ပြီး အဖမ်းခံရ (ရုပ်သံ)

8.3K
ရုရှားနိုင်ငံ ဆာဘီးယားမြို့ ခရတ်နွိုင်ယတ်မှာ အရက်ဆိုင် တဆိုင်ထဲကို ခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ လူတဦးကို ရဲတွေက ဒီဇင်ဘာ ၂၂ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
ဆိုင်ရဲ့ အချက်ပေးအသံကြောင့် ရဲတွေ ရောက်ရှိသွားတဲ့ အချိန်မှာ ဆိုင်ထဲကို ခေါင်မိုးကနေတဆင့် ၀င်ဖို့ ကြိုးစားရင်း မျက်နှာကျက်မှာ ညပ်နေပြီး ခြေထောက်တွဲလွဲကျနေတဲ့ သူခိုးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့မှတ်တမ်းအရ အမည်မဖော်လိုတဲ့ အသက် ၄၀ နှစ်အရွယ် မြို့ခံက ခေါင်မိုးပေါက်ကနေတဆင့် ဆိုင်ထဲကိုဝင်ဖို့ ကြိုးစားရာမှာ ညပ်မိနေတယ်လို့ ရေးပါတယ်။
နောက်ပိုင်းမှာ ရဲက ညပ်နေတဲ့သူခိုးကို ဆွဲထုတ်နိုင်ခဲ့ပြီး ရာဇ၀တ်မှုနဲ့ စွဲဆိုထားပါတယ်။
သူခိုးကတော့ ဆိုင်ထဲကိုဝင်ဖို့ ကြိုးစားတာ သူက ပထမဆုံးတယောက် မဟုတ်ဘူးလို့ ပြောပါတယ်။