A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ထူးခြားသော အရောင် ၂ လွှာ တိမ်ပေါ်ထွန်း

ထိုင်းနိုင်ငံမြောက်ပိုင်း ဆုခိုထိုင်း၊ နန့်၊ ဖရဲ့နဲ့ ဥဒရာဒစ် စတဲ့ ခရိုင်တွေမှာ  ဒီဇင်ဘာ ၂၂ ရက်နေ့က ထူးခြားတဲ့ အရောင် ၂ လွှာ တိမ်ပေါ်ထွန်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြ ပါတယ်။ ထိုင်းရတ်သတင်းဖော်ပြချက်အရ ဆုခိုထိုင်းခရိုင်မှာဆိုရင် အရှေ့ဘက် ကောင်းကင်ပေါ်မှာ အနားသားညီစွာ ဖြောင့်တန်းနေတဲ့ အပြာရောင်တထပ်၊ မီးခိုးရောင်တထပ် တိမ်တွေပေါ်ထွန်းနေတာကို နေ့ခင်း ၁၂ နာရီလောက်ကစပြီး တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နန့်၊ ဖရဲ့နဲ့ ဥဒရာဒစ်ခရိုင်က လူတွေလည်း ၂ လွှာ ပေါ်ထွန်းနေတဲ့ တိမ်ပုံကို  ညနေ ၂ နာရီလောက်ကနေ တွေ့ရှိခဲ့ပြီး ညနေ ၃ နာရီ ၄ နာရီအချိန်မှာတော့ အနောက်ဘက်ကို တဖြည်းဖြည်းရွေ့လျားကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်လို့ ဆိုပါတယ်။ အခုလို မြင်ရခဲတဲ့ ထူးခြားချက်ကြောင့် လူတွေအမြောက်အမြား လက်ကိုင်ဖုန်းနဲ့ ဓာတ်ပုံတွေ ရိုက်ယူနေကြပေမယ့်လည်း ဖရဲ့ခရိုင် နက္ခတ်တာရာဗေဒဌာန ညွှန်ကြားရေးမှူးချုပ် ဖုန်းဆကွန်းကျဲန့်ဆ၀မ်ကတော့ ဒီဖြစ်စဉ်က ရာသီအကူးအပြောင်း အအေးဓာတ်ပိုလာတဲ့ အချိန်မျိုးမှာ ဖြစ်လေ့ဖြစ်ထရှိပါကြောင်း၊ အခုလိုရာသီမှာ ညတာဟာ နေ့တာထက် ၄၁ မိနစ်ပိုရှည်ပြီး တိမ်စိုင်တိမ်ခဲတွေဟာ တနေရာမှာ သွားရောက်စုစည်းတဲ့အတွက် အခုလိုမြင်တွေ့ရတာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။ ဓာတ်ပုံ - thairath  

A d v e r t i s e m e n t With Us

More News
Up