A d v e r t i s e m e n t With Us

ရန်ကုန်မြို့ပတ် အဲကွန်းရထား စီးနင်းခ ၁၀၀ လျော့ပေး

ရန်ကုန်မြို့ပတ် အဲကွန်းရထား စီးနင်းခကို ဒီဇင်ဘာ ၂၁ ရက်နေ့ကစပြီး စီးနင်းခ လျော့ချလိုက်ပါ တယ်။ အရင်က စီးနင်းခ ၃၀၀ ကျပ်ကနေ အခု ၂၀၀ ကျပ် လျော့ချကောက်ခံတာလို့ ရန်ကုန်တိုင်း ရထားပို့ဆောင်ရေးဌာနက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးသန်းထွန်းအောင်က ပြောပါတယ်။ “ကျနော်တို့က ၃၀၀ ကနေ ၂၀၀ လျော့လိုက်တာ။ ၂၁ ရက်နေ့က စလျော့လိုက်တာ။ လူတိုင်းစီးနိုင်အောင်လို့ လျော့ပေးလိုက်တာ။ ” ရန်ကုန်မြို့ပတ် အဲကွန်းရထားကို ၂၀၁၃ နှစ်ကုန်ပိုင်းက စတင်ပြေးဆွဲခဲ့တာဖြစ်ပြီး လတ်တလော မြို့တွင်းပြေးဆွဲနေတဲ့ အဲကွန်းရထားဟာ  ၁ ရက်ကို  ကျပ်ငွေ သိန်း ၂၀ ကျော်လောက် အရှုံးပေါ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up