ခန္ဓာကိုယ် မီးစွဲလောင်ပြီး အဆောက်အဦပေါ်မှ ခုန်ချသည့် မီးသတ်သမား (ရုပ်သံ)

3.1K
တရုတ်နိုင်ငံ ဟဘေးခရိုင်ထဲက မီးလောင်နေတဲ့ အဆောက်အဦတခုထဲမှာ မီးသတ်သမားတဦးဟာ ခန္ဓာကိုယ်ဆီ မီးကူးလောင်ခဲ့တဲ့အတွက် ပြတင်းပေါက်မှတဆင့် ခုန်ချခဲ့ရပါတယ်။
သူဟာ မီးလောင်နေတဲ့ အခန်းထဲက အောက်ခြေမြေပြင်ဆီ ပြတင်းပေါက်မှတဆင့် ကြိုးနဲ့ တွယ်ဆင်းနိုင်ဖို့ ကြိုးစားနေစဉ်မှာ ခုလို မီးကူးလောင်ကျွမ်းခဲ့တဲ့အတွက် ရွေးချယ်စရာမရှိဘဲ ခုန်ချခဲ့ရတာလို့ စီစီတီဗွီသတင်းမှာ ဒီဇင်ဘာ ၂၂ ရက်နေ့က ဖော်ပြပါတယ်။
အောက်ခြေလှေကားက သူ့ဆီမမီနိုင်ဘဲ ပိုက်လုံးမှတဆင့် တွယ်ဆင်းခုန်ချခဲ့တာကို ရုပ်သံ ဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။
ကံကောင်းထောက်မစွာပဲ သူဟာ လက်မှာ ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိရုံကလွဲပြီး စိုးရိမ်စရာမရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
ရုပ်သံ - စီစီတီဗွီ