A d v e r t i s e m e n t With Us

ကမ္ဘာ့အသက်အငယ်ဆုံး ဉာဏ်ကြီးရှင်

တရုတ်နိုင်ငံမှ အသက် ၁၀ နှစ်အရွယ် ရန်ကျားရှိုဟာ စီချွမ်ခရိုင်၊ ချန်ဒူးမြို့မှာ ကျင်းပတဲ့ ၂၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲမှာ “နိုင်ငံတကာ မှတ်ဉာဏ်စွမ်းရည်မာစတာ” ဘွဲ့ ရရှိခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံးဉာဏ်ကြီးရှင် ဖြစ်လာခဲ့ပါတယ်။ သူဟာ ရှန်ဒေါင်းခရို၊ ဂျီနန်းမြို့၊ ရန်လီမူလတန်းကျောင်းမှ ကျောင်းသူတဦး ဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ရန်ဟာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ပြိုင်ပွဲမှာ ပုံသဏ္ဌာန်မမှန်တဲ့ ကိန်းဂဏန်း အရေအတွက် ၁၀၈၀ ကို မှတ်ထားနိုင်စွမ်းရှိပြီး တနာရီအတွင်းမှာ ကျပန်းစီစဉ်ထားတဲ့ ကတ် ၆၄၆ ခုကို ပြန်လည်စီနိုင်ခဲ့တာပါ။ သူဟာ ဒြပ်မဲ့ပုံမှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုနဲ့ ဖဲချပ်မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုတွေ ရရှိထားခဲ့တာပါ။ ဓာတ်ပုံ - စီစီတီဗွီ  

A d v e r t i s e m e n t With Us

More News
Up