A d v e r t i s e m e n t With Us

တရုတ်မြေပြိုမှုကြောင့် နာရီ ၆၀ ခန့် ပိတ်မိနေသူတဦးကို ကယ်တင်

ဓာတ်ပုံ - ရိုက်တာ
တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ရှင်းကျန်းမြို့တွင်း အကြီးအကျယ် မြေပြိုခဲ့တဲ့ စက်မှုဇုန်က ပြိုကျအဆောက်အဦထဲကနေ အသက် ၁၉ နှစ်အရွယ် ရှင်သန်ကျန်ရစ်သူကို ကယ်ဆယ်ရေးသမားတွေက ဒီဇင်ဘာ ၂၃ ရက် မနက်မှာ ရှာတွေ့ခဲ့ပါတယ်။ သူ့ရဲ့ မျိုးရိုးနာမည်က လင်း ဖြစ်ပြီး တရုတ်အနောက်တောင်ပိုင်း ချုံချင်းမြို့က ဖြစ်တယ်လို့ အတည်ပြု ထားပါတယ်။ နာရီ ၆၀ လောက် ပိတ်မိနေပြီးမှ သူ့ကို ရှာတွေ့ခဲ့တာဖြစ်ပြီး သူ့အနားမှာ အလောင်းတခုကိုလည်း ကယ်ဆယ်ရေးသမားတွေက ရှာတွေ့ခဲ့ပါတယ်။ လင်းကိုတော့ တွေ့ရာနေရာမှာတင် ဆေးဝါးကုသပေးခဲ့ပါတယ်။ သူပိတ်မိနေတဲ့ နေရာဟာ ရုံးအဆောက်အဦဖြစ်လို့ နောက်ထပ် လူတွေ ပိတ်မိနေနိုင်တယ်လို့ ရှင်သန်ကျန်ရစ်သူတွေက ကယ်ဆယ်ရေးသမားတွေကို ပြောပါတယ်။ ဒါကြောင့် ကယ်ဆယ်ရေးသမားတွေအနေနဲ့ ရှင်သန်ကျန်ရစ်သူတွေကို ရှာဖို့ ပြိုကျအဆောက်အဦကို ပိုက်စိပ်တိုက် ရှာနိုင်ရေး နံရံတိုင်းကို ဖောက်ဝင်ရမယ့် အနေအထား ဖြစ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up