တောင်ယာမီးရှို့မှုကြောင့် မီးခိုးမြူဖုံးအုပ်ခဲ့မှု ကုမ္ပဏီ ၅၀ ကျော်ကို အင်ဒိုနီးရှား အရေးယူ

ဓာတ်ပုံ - ရိုက်တာ
526
ပြီးခဲ့တဲ့လတွေက အင်ဒိုနီးရှားနိုင်ငံမှာ တောင်ယာမီးရှို့မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေအထိ မီးခိုးမြူတွေ ဖုံးအုပ်ခဲ့မှုနဲ့ တာဝန်ရှိတဲ့ စီးပွားရေးကုမ္ပဏီ အခု ၅၀ ကျော်ကို အရေးယူမယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဒီဇင်ဘာ ၂၂ ရက်နေ့က ပြောပါတယ်။
စားအုန်းဆီနဲ့ စက္ကူထုတ်လုပ်တဲ့ ပျော့ဖတ်ပင်စိုက်ပျိုးရေး ကုမ္ပဏီတွေက တောင်ယာမီးရှို့မှုတွေကြောင့် ဒေသတွင်းနိုင်ငံတွေအထိ မီးခိုးမြူတွေ လနဲ့ချီပြီး ဖုံးအုပ်ခဲ့တာပါ။
ဒီတောင်ယာမီးရှို့တာတွေကို နှစ်စဉ်လုပ်တာဖြစ်ပေမယ့် အခုနှစ်မှာတော့ အဆိုးဆုံး ဖြစ်ခဲ့တာပါ။
အခုတော့ တောင်ယာမီးရှို့မှုတွေနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေကို ပိတ်တာ၊ လုပ်ငန်းလိုင်စင် သိမ်းဆည်းတာတွေကို အင်ဒိုနီးရှားအစိုးရက ပထမဆုံး လုပ်ဆောင်လာတာပါ။
ဒီကုမ္ပဏီတွေကို နာမည်နဲ့ အသေးစိတ် အစိုးရက ထုတ်ပြန်တာတော့ မရှိပေမယ့် ဒီကုမ္ပဏီအားလုံး ၅၆ ခုထဲ ၃၀ ကိုတော့ ကုမ္ပဏီကုတ်နာမည်တွေနဲ့ တည်နေရာတွေကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကုမ္ပဏီတွေထဲမှာ နိုင်ငံခြားကုမ္ပဏီတခု ပါဝင်ပြီး နောက်ကုမ္ပဏီတခုကတော့ ကမ္ဘာ့အကြီးဆုံး စက္ကူထုတ်လုပ်ရေး ကုမ္ပဏီကြီးတခုကို ကုန်ကြမ်းတင်ပို့နေတဲ့ အင်ဒိုကုမ္ပဏီတခုလည်း ပါဝင်ပါတယ်။
နောက်ထပ်လည်း တာဝန်မကင်းတဲ့ ကုမ္ပဏီတွေကို စုံစမ်းဖော်ထုတ် အရေးယူဦးမယ်လို့ အင်ဒိုသစ်တောရေးရာဝန်ကြီးက ပြောပါတယ်။
အင်ဒိုဥပဒေအရ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေဟာ မြေဟတ်တာ ၂ ဟတ်တာထက်ကျော်ပြီး တောင်ယာမီးရှို့ခွင့် မရှိပါဘူး။