သခင်အမေ ဓားထိုးခံရမည့်အရေးက အသေခံကာကွယ်သွားသည့် ခွေးကလေး (ရုပ်သံ)

6.4K
သခင်ရဲ့ အမေကို ဓားထိုးခံရမယ့် အရေးကနေ ကာကွယ်ပေးသွားတဲ့ အသက် ၆ နှစ်ခွေးကလေးဟာ ဒီဇင်ဘာ ၁၉ ရက်က သေဆုံးသွားပါတယ်။
အမေရိကန် ဖိုဒ်မိုင်ယာမှာ ဒီဇင်ဘာ ၁၈ ရက်က ကြောက်မက်ဖွယ်ရာ ဓားထိုး တိုက်ခိုက်မှုမှာ ခွေးကလေးက သခင်ဖြစ်သူရဲ့ အမေကို ကာကွယ်ပေးခဲ့ပါတယ်။
ခွေးကလေး လူစီဟာ သခင်ဖြစ်သူရဲ့ အမေ လီဆာ ပေါ့ပ်တို့ နေထိုင်တဲ့ တိုက်ခန်းမှာ ရည်းစားဟောင်း ဝေါလ်တာနဲ့ လီဆာပေါ့ပ် စကားများရန်ဖြစ်ခဲ့ကြပြီး ၀ီလီယံက လီဆာကို ရိုက်နှက်ခဲ့ပါတယ်။ ဒီနောက် ဝေါလ်တာက ဓားကို ဆွဲထုတ်လိုက်တဲ့အချိန်မှာ လူစီက ကြားကနေ ၀င်လာခဲ့တာ ဖြစ်ပါတယ်။
လူစီက ၀ီလီယံကို ဟပ်ဖို့ ကြိုးစားခဲ့ရာမှာ ၀ီလီယံက လူစီကုတ်ကို ဖမ်းလိုက်နိုင်ပေမယ့် လူစီက ပြန်ကိုက်ခဲ့တဲ့အတွက် သူတို့ ၂ ဦး အပြန်အလှန် တိုက်ခိုက်ခဲ့ကြပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ၀ီလီယံက လီဆာကို မတိုက်ခိုက်နိုင်ပေမယ့် ခွေးကလေး လူစီကတော့ ဒဏ်ရာရရှိခဲ့ပြီး ကွယ်လွန်သွားတာ ဖြစ်ပါတယ်။