A d v e r t i s e m e n t With Us

လိင်တူဆက်ဆံသူ အမျိုးသားများ သွေးမလှူရ မူဝါဒ အမေရိကန် ပယ်ဖျက်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်အစိုးရက နှစ်ပေါင်း ၃၀ ကျော်ကြာ ပိတ်ပင်ထားခဲ့တဲ့ လိင်တူဆက်ဆံသူ အမျိုးသားများ သွေးမလှူရ မူဝါဒကို ဒီဇင်ဘာ ၂၁ ရက်နေ့က ပယ်ဖျက်ပေးလိုက်ပါတယ်။ အမေရိကန်နိုင်ငံ ဆေးဝါးနဲ့ အစားအစာထိန်းချုပ်အရေးအဖွဲ့ (အက်ဖ်ဒီအေ) က လိင်တူချစ်သူ အမျိုးသားတွေကို အခုလို ပြန်ပြီး သွေးလှူဒါန်းခွင့် ပြုလိုက်ပေမယ့် ၁ နှစ်အတွင်း လိင်ဆက်ဆံခဲ့ခြင်း မရှိတဲ့သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။ လိင်တူချင်း နှစ်သက်သူတွေကတော့ တနှစ်ကန့်သတ်မှုဟာ ခွဲခြားဆက်ဆံမှုဖြစ်တယ်လို့ ဝေဖန်ကြပေမယ့် အခုလို မူဝါဒကို ပြဋ္ဌာန်းထားတဲ့ ဗြိတိန်၊ သြစတြေးလျနဲ့ ဂျပန်နိုင်ငံတို့မှာလည်း တနှစ်ကြာ လိင်တူဆက်ဆံမှုမရှိမှ သွေးလှူခွင့်ပြုတာပါ။ လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားသူတွေက အခုလို သွေးလှူခွင့်ပြန်ရဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းလာခဲ့ကြရတာပါ။ အခုလို သွေးလှူဒါန်းခွင့် ပြန်ပေးခဲ့တာကို လိင်တူချစ်သူအရေး လှုပ်ရှားသူတွေက ထောက်ခံကြိုဆိုခဲ့ကြပေမယ့် အက်ဖ်ဒီအေ အဖွဲ့ကြီးအနေနဲ့ ဒီထက်မက ခွင့်ပြုပေးရဦးမယ်လို့ ပြောဆိုပါတယ်။ ၁၉၇၇ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ လိင်တူချစ်သူ သွေးလှူရှင်တွေဟာ သွေးမလှူခင် လိင်တူဆက်ဆံခဲ့တယ်လို့ ၀န်ခံခဲ့ပြီးနောက်ပိုင်း သူတို့ကို သွေးလှူဒါန်းခွင့် ပိတ်ပင်ခဲ့တာပါ။ ၁၉၈၀ နောက်ပိုင်းနှစ်တွေမှာလည်း အေအိုင်ဒီအက်စ်ရောဂါ ကူးစက်မှုတွေဖြစ်ခဲ့ပြီး နောက်ပိုင်းမှာလည်း လိင်တူချစ်သူတွေ သွေးလှူဒါန်းခွင့်ကို ဆက်ပြီး ပိတ်ပင်ခဲ့ပါတယ်။ အခုပြောင်းလဲလိုက်တဲ့ မူဝါဒအသစ်အရ လိင်တူချစ်သူ အမျိုးသားတွေလိုပဲ အကျုံးဝင်သူတွေကတော့ တနှစ်အတွင်း ပြည့်တန်ဆာနဲ့ လိင်ဆက်ဆံထားသူတွေ၊ မူးယစ်ဆေး အကြောထဲ ထိုးသွင်းခဲ့သူတွေလည်း တနှစ်အတွင်း သွေးလှူဒါန်းခွင့် မရှိပါဘူး။

A d v e r t i s e m e n t With Us

More News
Up