A d v e r t i s e m e n t With Us

ဘရာဇီးတွင် သမိုင်းဝင် ဘူတာရုံကြီးနှင့် အထင်ကရပြတိုက် မီးလောင် (ရုပ်သံ)

ဘရာဇီးနိုင်ငံ ဆော်ပိုလိုမြို့တော်မှာ ၁၉ ရာစုနှစ်ဦးပိုင်းက ဆောက်လုပ်ခဲ့တဲ့ သမိုင်းဝင်ဘူတာရုံကြီးနဲ့ ဘူတာရုံနဲ့ တွဲလျက် အထင်ကရ သမိုင်းဝင်ပြတိုက်တခု ဒီဇင်ဘာ ၂၁ ရက်နေ့က မီးကူးစက် လောင်ကျွမ်းသွားပါတယ်။ ဆော်ပိုလိုမြို့ မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်၊ မီးသတ်ကား ၆၀ ကျော်နဲ့ မီးငြှိမ်းသတ်ခဲ့ကြပြီး မီးသတ်တပ်ဖွဲ့ဝင်တဦးလည်း သေဆုံးခဲ့ပါတယ်။ မီးစတင်လောင်ကျွမ်းခဲ့တဲ့ ပြတိုက်မှာ ပေါ်တူဂီဘာသာနဲ့ ရေးသားထားတဲ့ ရှေးဟောင်း စာအုပ်စာတမ်းတွေ အများအပြား သိမ်းဆည်းထားပြီး ဘရာဇီးနိုင်ငံအတွက်ရော၊ နိုင်ငံတကာအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ဆော်ပိုလိုမြို့တော် ယဉ်ကျေးမှုဌာန အရာရှိတဦးက ပြောဆိုပါတယ်။ ပြတိုက်နဲ့ ဘူတာရုံ မီးလောင်ကျွမ်းနေတဲ့အချိန်မှာ မိုးအသည်းအသန် ရွာသွန်းနေပေမယ့်လည်း မီးလောင်တာ နာရီနဲ့ချီကြာပြီးမှ စတင်ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဆော်ပိုလိုဘူတာရုံကို ၁၉၀၁ ခုနှစ်မှာ ဘရာဇီးကော်ဖီစေ့တွေ တကမ္ဘာလုံးကို တင်ပို့ပြီး စီးပွားဖြစ်ချိန် ဗြိတိန်ဗိသုကာတဦးက အဲဒီခေတ် ဗြိတိန်ရထားဘူတာရုံ ဒီဇိုင်းတွေအတိုင်း ဆောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up