A d v e r t i s e m e n t With Us

ဘီအမ်ဒဗလျူကားဖြင့် ဖြတ်တိုက်ခံရသည့် အငှားယာဉ် မြစ်ထဲထိုးကျ (ရုပ်သံ)

တရုတ်နိုင်ငံ ဒါလီယန်းမြို့မှာ ဒီဇင်ဘာ ၂၀ ရက်နေ့က ဘီအမ်ဒဗလျူကားတစီးဟာ အငှားယာဉ်ကို တိုက်မိခဲ့ပြီး အဲဒီအငှားယာဉ်ဟာ မြစ်ထဲကို ထိုးကျသွားခဲ့ပါတယ်။ အငှားယာဉ်မောင်းသူဟာ ရေထဲက ကားပေါ်မှ အော်ဟစ်အကူအညီတောင်းခဲ့ရပြီး အနီးအနား ဖြတ်သွားသူတွေက ရဲတွေကို ခေါ်ခဲ့တဲ့အတွက် သူ့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဘီအမ်ဒဗလျူကားယာဉ်မောင်းဟာ အဲဒီနေရာကနေ အမြန်မောင်းပြီး ထွက်ပြေးသွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ နောက်ဆုံးမှာ ထွက်ပြေးတဲ့ ဘီအမ်ဒဗလျူယာဉ်မောင်းကို ဖမ်းမိခဲ့ပြီး သူ့ကို ဘ၀တလျှောက်လုံး ယာဉ်မောင်းခွင့် ပိတ်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံ - စီစီတီဗွီ

A d v e r t i s e m e n t With Us

More News
Up