ရော်နယ်ဒိုနေသည့် အိမ်ကို ရိုက်ကူးထားသည့် ရုပ်သံဖိုင် ကြည့်ရှုသူ ၁၄ သန်းကျော်

6.4K
စပိန်လာလီဂါ ရီးရဲလ်မက်ဒရစ်အသင်းက ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက ပရိသတ်တွေကို သူ့ရဲ့အိမ်ထဲ ခေါ်လည်လိုက်ပါတယ်။
မက်ဒရစ်က သူ့ရဲ့အိမ်ထဲကို လှည့်လည်သွားလာနေတဲ့ ရုပ်သံဖိုင်ရိုက်ကူးပြီး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင်လိုက်တာ ဖြစ်ပါတယ်။
"မက်ဒရစ်က ကျနော့်အိမ်ကို မြင်တွေ့ စူးစမ်းချင်စိတ်တွေ ပြင်းပြနေပါသလား၊ ကြည့်လိုက်ပါ၊ ပျော်ရွှင်စရာ ခရစ္စမတ်ဖြစ်ပါစေ" လို့ ရေးသားပြီး ရုပ်သံဖိုင်ကို တင်ထားတာ ဖြစ်ပါတယ်။
သူ့အိမ်ထဲက သူနေတဲ့အခန်း၊ ဧည့်ခန်း၊ ထမင်းစားတဲ့ နေရာတွေကို ခေါ်သွားပြီး အိမ်ရဲ့ အခြေအနေကို ပြောပြထားပါတယ်။
ဒါ့အပြင် အိမ်အတွင်းက ရေကူးကန်၊ ဘောလုံးကွင်းတွေကိုလည်း ရိုက်ကူးပြသထားပါတယ်။
ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်တဲ့ ဒီရုပ်သံကို ကြည့်ရှုသူပေါင်း ၁၄ သန်းကျော်သွားပြီ ဖြစ်ပါတယ်။