A d v e r t i s e m e n t With Us

၎ နှစ်ခန့် ဖီဖာ အိပ်ပျော်နေဟု ပလာတီနီ ပြော

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ၄ နှစ်နီးပါး အိပ်ပျော်နေတယ်လို့ တားမြစ်ခံထားရတဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပလာတီနီက ပြောပါတယ်။ ပလာတီနီနဲ့ ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာတို့ဟာ ၂၀၁၁ ခုနှစ်က ဆောင်ရွက်ခဲ့တဲ့ ပေါင် ၁ ဒသမ ၃ သန်း ငွေကြေးကိစ္စအတွက် ဘောလုံးလောကကနေ ၈ နှစ် တားမြစ်ခံထားရပါတယ်။ ၂ ဦးစလုံးက ဒီကိစ္စအပေါ် အယူခံဝင်ဖို့လည်း ရှိနေပါတယ်။ ၂၀၁၁ ခုနှစ် ငွေကြေးတွေပေးတုန်းက စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဘာလုပ်နေသလဲ၊ အိပ်ပျော်နေသလားလို့ ပလာတီနီက မေးခွန်းထုတ်လိုက်ပါတယ်။ အေအက်ဖ်ပီသတင်းဌာနနဲ့ အင်တာဗျူးမှာ အသက် ၆၀ ရှိ ပလာတီနီက အခုမှ နိုးလာသလို ဥက္ကဋ္ဌနေရာအတွက် အရွေးချယ်ခံမယ့်နှစ်မှ နိုးလာတာ အံ့သြစရာကောင်းတယ်လို့ ပြောပါတယ်။ ၂၀၀၇ ခုနှစ်ကတည်းက ပလာတီနီဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဖြစ်နေသလို ဖီဖာရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up