A d v e r t i s e m e n t With Us

ဂျော်ဂျီယာ အိမ်ခြံမြေလုပ်ငန်းရှင်တဦး သတင်းအချက်အလက် ခိုးယူရောင်းဝယ်မှုတွင် ပါဝင်ဟု ၀န်ခံ

ဂျော်ဂျီယာပြည်နယ်အခြေစိုက် အိမ်ခြံမြေလုပ်ငန်းရှင်တဦးက အသင်းအဖွဲ့က ထုတ်ပြန်မယ့် သတင်းအချက်အလက်ကို မဖြန့်ဖြူးခင် အတွင်းလူကတဆင့် ကွန်ရက်ထဲကို ထိုးဖောက်ခိုးယူ ရောင်းဝယ်တဲ့အမှုမှာ ပါဝင်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၁ ရက်နေ့က ဝန်ခံလိုက်ပါတယ်။ အတွင်းလူနဲ့ပေါင်းပြီး အချက်အလက် ခိုးယူတဲ့ လုပ်ငန်းစဉ်ဟာ ဒေါ်လာ သန်း ၁၀၀ တန် လုပ်ငန်းစဉ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။ အတွင်းသတင်း ရောင်းဝယ်သူလို့ အာဏာပိုင်တွေကပြောတဲ့ အလက်ဇန်းဒါး ဂါကုရှက နယူးယောက်မြို့ ဘရွတ်ကလင်းရပ်ကွက်က ပြည်ထောင်စုတရားရုံးမှာ သူအပြစ်ရှိကြောင်း ဝန်ခံလိုက်တာပါ။ ဒါဟာ ရာဇဝတ်မှုမှာ အမှားလုပ်တယ်လို့ ဝန်ခံတဲ့ ပထမဆုံး ခုခံလျှောက်လဲသူ ဖြစ်လာပါတယ်။ ဂါကုရှက စတော့ရှယ်ယာ ကုန်သွယ်မှုမှာ တရားဝင် မကြေညာခင် သတင်းအချက်အလက်ရဖို့ ၃ လတာ ဆောင်ရွက်ခဲ့တယ်လို့ ဝန်ခံပြီး အာဏာပိုင်တွေနဲ့ ပူးပေါင်းဖို့ သဘောတူခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုတာ သိတယ်၊ လုပ်ခဲ့တဲ့အတွက် အင်မတန် စိတ်မကောင်း ဖြစ်ရတယ်လို့ သူက တရားရုံးကို ပြောပါတယ်။ ဆွဲချရှေ့နေတွေကတော့ ဂါကုရှဟာ အမေရိကန်နိုင်ငံသား ဖြစ်ပြီး ရုရှားမှာ မွေးတယ်၊ ယူကရိန်းက ဆိုင်ဘာ ဖောက်ထွင်းရေးသမားတွေ ခိုးယူထားတဲ့ အတွင်းသတင်းတွေကို အခြေခံပြီး ရှယ်ယာအလွှဲအပြောင်းတွေ လုပ်ခဲ့တဲ့ ကုန်သည်အုပ်စုထဲက တဦးဖြစ်တယ်လို့ ပြောပါတယ်။ သူ့ရဲ့အမှုကို လာမယ့်နှစ် မေလ ၆ ရက်နေ့မှာ တရားစီရင်ဖို့ စီစဉ်ထားပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက ဖမ်းဆီးခဲ့တဲ့ ခုခံလျှောက်လဲသူ တခြား ၄ ဦးကို တရားစွဲဖို့ ကျန်နေသေးပြီး သူတို့ကတော့ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up