A d v e r t i s e m e n t With Us

အန်အယ်လ်ဒီအနေဖြင့် နောက်ကြောင်းလှန်သည့်ကိစ္စ ရှောင်ရှားမည်ဟုဆို

ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီ အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ရှေ့ရှုပြီး နောက်ကြောင်းလှန်မယ့်ကိစ္စကို ရှောင်ရှားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောပါတယ်။ သမ္မတဟောင်းကို အကာအကွယ်ပေးမယ့် ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့က ပြောကြားလိုက်တာပါ။ "သမ္မတသက်တမ်းမှာ အပြစ်မဲ့စွာနဲ့ လုပ်သွားတယ် ဆိုရင်တော့ ဘာမှ ပြောစရာမရှိဘူး။ သို့သော် အန်ကယ်တို့ သဘောကတော့ နောက်ကြောင်း လှန်မယ့် ကိစ္စမျိုးကို ရှောင်ရှားမယ်။ ရှေ့သွားမှာကိုပဲကြည့်မယ်။ နောက်ကြောင်းလှန်တာ သိပ်မလုပ်ချင်ဘူး" လို့ သူက ပြောတာပါ။ "သမ္မတတစ်ယောက် အငြိမ်းစားယူသွားလို့ရှိရင် လုံခြုံရေးပေးတာတော့ ရှိတယ်။ သိပ်တော့လည်း မသိဘူး" လို့လည်း သူက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up