မန်ယူပရိသတ်များက ဗန်ဂါးလ်ကို ထုတ်ပယ်ရန် ဆန္ဒပြု

ဓာတ်ပုံ - ရိုက်တာ
2.1K
နာမည်ကြီးဘောလုံးဝက်ဆိုက် Goal က ကောက်ယူတဲ့ စစ်တမ်းတွေအရ ၈၆ ရာခိုင်နှုန်းက မန်ယူအနေနဲ့ ဗန်ဂါးလ်ကို ထုတ်ပယ်သင့်တယ်လို့ ဆန္ဒရှိနေတာကို တွေ့ရပါတယ်။
နောဝစ်ခ်ျကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် စာဖတ်ပရိသတ်တွေကို စစ်တမ်းကောက်ယူခဲ့တာပါ။
မန်ချက်စတာမြို့က ပရိသတ် ၈၂ ရာခိုင်နှုန်းက ဗန်ဂါးလ်ကို ထုတ်ပယ်ဖို့ ဆန္ဒပြုခဲ့ကြတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
Daily Mirror ကတော့ လာမယ့် ဘောက်စင်ဒေးမှာ စတုတ်အသင်းကို ထပ်မံရှုံးနိမ့်ရင် အသင်းက ဗန်ဂါးလ်ကို ထုတ်ပယ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ချဲလ်ဆီးက ထုတ်ပယ်ခံလိုက်ရတဲ့ မော်ရင်ဟိုဟာ မန်ယူနည်းပြသစ်အဖြစ် အစားထိုးဖို့ ရေပန်းစားနေသူတွေထဲမှာ ထိပ်ဆုံးက ရှိနေပါတယ်။