A d v e r t i s e m e n t With Us

ကယ်လီဖိုးနီးယား ကျောင်းများတွင် အမျိုးသမီးလိင်ကျွန်အကြောင်း သင်ကြားမည်

ဒုတိယကမ္ဘာစစ်အတွင်း လိင်ကျွန်ပြုလုပ်ခြင်းခံရသည့် တေင်ကိုရီးယားအမျိုးသမီးတဦး။ (ဓာတ်ပုံ - Yonhap)
လာမယ့် ၂၀၁၇ စာသင်နှစ်ကစတင်ပြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက အထက်တန်းကျောင်းတွေမှာ ဒုတိယကမ္ဘာစစ်အတွင်းက အမျိုးသမီး လိင်ကျွန်တွေအကြောင်း သင်ရိုးတွေထဲ ထည့်သွင်းသင်ကြားပေးတော့မှာ ဖြစ်တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ် ပညာရေးဌာနနဲ့ ဂျပန်အခြေစိုက် စန့်ကိုင်ရှင်ဘွန်း သတင်းစာတွေက ပြောပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ ကယ်လီဖိုးနီးယားပြည်နယ် ပညာရေးဌာန သတင်းထုတ်ပြန်ချက်မှာ “ကျောင်းသားတွေဟာ စစ်ကာလအတွင်း အမေရိကန်နဲ့ ဂျပန်စစ်သားတွေရဲ့ မြေပြင်ဖြစ်ရပ်မှန်တွေကို သင်ယူနိုင်မှာဖြစ်တယ်” လို့ ဖော်ပြပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ စစ်အတွင်း ဂျပန်စစ်တပ်က ခေါ်ဆောင်သွားခဲ့တဲ့ လိင်ကျွန် အမျိုးသမီးတွေ အကြောင်းကို ဖော်ပြပြီး ဒါဟာ ၂၀ ရာစုရဲ့ အကြီးမားဆုံး လူကုန်ကူးမှုတရပ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာတွေကို ကယ်လီဖိုးနီးယားပြည်နယ် အထက်တန်းကျောင်း န၀မတန်း လူမှုရေးသိပ္ပံ၊ သမိုင်းသင်ရိုးထဲမှာ ထည့်သွင်းသင်ကြားပေးသွားမှာ ဖြစ်တဲ့အတွက် ဂျပန်စစ်တပ်ရဲ့ လိင်ကျွန်တွေအကြောင်းကို သင်ကြားတဲ့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးပြည်နယ် ဖြစ်လာမယ်လို့ စန့်ကိုင်ရှင်ဘွန်းသတင်းက ဆိုပါတယ်။ ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်စစ်တပ်အတွက် လိင်ကျွန်အဖြစ် ခေါ်ဆောင်သွားခဲ့သူ အမျိုးသမီး အရေအတွက်ဟာ ၂ သိန်းကျော်လောက်ရှိပြီး အများစုဟာ ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေက ဖြစ်တယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up