A d v e r t i s e m e n t With Us

စပိန်ကလပ် ဒီပို့တီဗို အသင်းသားတွေရဲ့ ခေါင်းတိုက်စွမ်းရည် (ရုပ်သံ)

စပိန်ကလပ် ဒီပို့တီဗိုအသင်းက ကစားသမားတွေနဲ့ အသင်းက တာဝန်ရှိသူတွေက အ၀တ်လဲခန်းမှာ ဘောလုံးတလုံးကို ခေါင်းတိုက်ပြီး စည်းလုံးမှုကို သရုပ်ဖော်ခဲ့ပါတယ်။ အ၀တ်လဲခန်းထဲမှာ ကစားသမားတဦးက အလယ်ကနေ ပတ်ပတ်လည် ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ကစားသမားတွေဆီ ဘောလုံးကို ခေါင်းတိုက်ပြီး ပေးပို့ရာမှာ ထိုင်နေတဲ့ ကစားသမားတွေကလည်း ခေါင်းတိုက်ပြန်ပေးခဲ့တာကို ရိုက်ကူးထားတဲ့ ရုပ်သံကို Goal က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် တင်ခဲ့ပါတယ်။ ကစားသမားအားလုံးက ကြိုးစားပြီး သူ့ဆီကို ဘောလုံးရောက်အောင် ပေးပို့ခဲ့ရာမှာ နောက်ဆုံး ကစားသမားတွေအပြင် ဘောလုံးအသင်းက တာဝန်ရှိသူတွေကလည်း ခေါင်းတိုက်ပြီး ပါဝင်ခဲ့ပါတယ်။ နောက်ဆုံး တာဝန်ရှိသူ ၂ ဦးကလည်း ခေါင်းတိုက်ပြီး ဘောလုံးပြန်ပေးခဲ့တဲ့အတွက် ဘောလုံးက မြေမကျဘဲ ထိုင်နေသူအားလုံး တပတ်လည်သွားပါတယ်။ ဒီအောင်မြင်မှုအပေါ် အသင်းသားတွေအားလုံးက ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံခဲ့ပါတယ်။ ရုပ်သံ - Goal

A d v e r t i s e m e n t With Us

More News
Up