A d v e r t i s e m e n t With Us

အကအဖွဲ့ငှားရမ်းပြီး လက်ထပ်ခွင့်တောင်းသူ လက်ထပ်လက်စွပ်သေး၍ ငြင်းပယ်ခံရ (ဓာတ်ပုံ)

တရုတ်နိုင်ငံမှာ အကအဖွဲ့တွေ ငှားရမ်းပြီး အမျိုးသားတဦးက ချစ်သူကို စိတ်ကူးယဉ်ဆန်ဆန် လက်ထပ်ခွင့် ကမ်းလှမ်းခဲ့ပါတယ်။ စီချွမ်းခရိုင်မြို့တော် ချန်ဒူးရဲ့ လမ်းမပေါ်မှာ အကအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အမျိုးသားက လက်ထပ်ခွင့် တောင်းခံခဲ့ရာမှာ အမျိုးသမီးက စိတ်လှုပ်ရှားမှုနဲ့အတူ မျက်ရည်တွေ ကျလာပါတယ်။ အမျိုးသားက ဒူးထောက်ပြီး အမျိုးသမီးအတွက် ၀ယ်လာတဲ့ လက်ထပ်လက်စွပ် ထည့်ထားတဲ့ ဘူးကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ သေးငယ်တဲ့ လက်ထပ်လက်စွပ်ကြောင့် အမျိုးသမီးက နေရာကနေ ထွက်ပြေးသွားပါတယ်။ ဒီဖြစ်ရပ်အပေါ် တရုတ်က ဝေဘို လူမှုကွန်ရက် အသုံးပြုသူတွေက အမျိုးသမီးဟာ လက်ထပ်ဖို့ မထိုက်တန်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။ အမျိုးသမီးနဲ့ သူငယ်ချင်းတွေ လူမှုကွန်ရက်မှာ ပြောဆိုထားတဲ့ အကြောင်းအရာတွေလည်း အင်တာနက်ပေါ် ပျံ့နှံ့ခဲ့ရာမှာ စိန်လက်စွပ်အကြီးကြီး ၀ယ်ပေးဖို့ အမျိုးသားက ပြောဆိုခဲ့ပေမယ့် တကယ့်လက်တွေ့ ၀ယ်လာတဲ့ စိန်လက်စွပ်က သေးတဲ့အတွက် သူ့ကို တန်ဖိုးမထားဘူးလို့ မှတ်ယူတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - CEN  

A d v e r t i s e m e n t With Us

More News
Up