ဇယားထိပ်တွင် ရောက်နေသော်လည်း အသင်းတွင် ဖိအားမရှိဟု လက်ဆက်စတာနည်းပြ ပြော

ဓာတ်ပုံ - ရိုက်တာ
1.7K
အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရောက်နေပေမယ့် အသင်းမှာ ဘာဖိအားတွေမှ မရှိဘူးလို့ လက်ဆက်စတာစီးတီး မန်နေဂျာ ကလော်ဒီယို ရာနေရာရီက ပြောကြားလိုက်ပါတယ်။
ရာနေရာရီဟာ ချယ်လ်ဆီး၊ ဗလန်စီယာ၊ ဂျူဗင်တပ်စ်၊ ရိုးမား၊ အင်တာမီလန်၊ မိုနာကိုနဲ့ ဂရိလက်ရွေးစင် အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်။
လက်ဆက်စတာမှာ ကစားသမားကောင်းတွေရှိပြီး လူတွေက သတိမထားမိတာသာ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
မနှစ်က လက်ဆက်စတာမှာ ဖိစီးမှုတွေ ရှိခဲ့ပေမယ့် ဒီနှစ်တော့ လုံးဝ မရှိတော့ဘူးလို့ သူက ပြောသွားပါတယ်။