A d v e r t i s e m e n t With Us

ဂွါဒီယိုလာ ကလပ်သစ်ရွေးချယ်ဟု ဘိုင်ယန်ပြော

ဓာတ်ပုံ - ရိုက်တာ
ခရစ္စမတ်ပါတီပြီးရင် ကလပ်ကနေ စွန့်ခွာဖို့ ဆုံးဖြတ်ချက်ကို ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက ပြောတယ်လို့ ကလပ်အသင်း အမှုဆောင်အကြီးအကဲ ကာလ်းဟိန့်ဇ် ရန်မန်နီဂဲလ်က ပြောပါတယ်။ ဂွါဒီယိုလာဟာ ကလပ်အသင်းသစ်ကို ရွေးချယ်သွားမှာဖြစ်သလို ဒီသီတင်းပတ်ကုန်ဆုံးရင်တော့ အသင်းကနေ စွန့်ခွာသွားမယ်လို့ ဘိုင်ယန်က အတည်ပြုပါတယ်။ ဂွါဒီယိုလာ ဘယ်ကိုသွားမလဲဆိုတာကို သိထားပေမယ့် သူကိုယ်တိုင်ပဲ ကြေညာခွင့်ပြုလိုက်မယ်လို့ ရန်မန်နီဂဲလ်က ပြောပါတယ်။ အရင် ၂ ပတ်ကတည်းက ခရစ္စမတ်ပါတီပြီးရင် အသင်းကနေ စွန့်ခွာဖို့နဲ့ စိန်ခေါ်မှုတွေကို ရှာဖွေနေတယ်လို့ ဂွါဒီယိုလာက ပြောကြောင်း သူက ဆိုပါတယ်။ အသက် ၄၄ နှစ်အရွယ် ဘာစီလိုနာ မန်နေဂျာဟောင်း ဂွါဒီယိုလာဟာ မန်စီးတီး၊ မန်ယူ၊ ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတွေနဲ့ ချိတ်ဆက်နေပါတယ်။ ဂွာဒီယိုလာနေရာမှာ အစားထိုးဖို့အတွက် မီလန်၊ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ကားလို့စ် အန်ဆယ်လော့တီကို ၃ နှစ်စာချုပ်နဲ့ ဘိုင်ယန်က ခေါ်ယူလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up