A d v e r t i s e m e n t With Us

အာဆင်နယ် ၂ – ၁ မန်စီးတီး (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ လက်ကျန်ပွဲအဖြစ် အာဆင်နယ်နဲ့ မန်စီးတီးတို့ ဒီဇင်ဘာ ၂၁ ရက်ညက ယှဉ်ပြိုင်ရာ အာဆင်နယ်က အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်းအထိရှိပြီး အသာစီးယူနိုင်ပေမယ့် ရတဲ့အခွင့်အရေးတွေကို အပိုင်အသုံးမချနိုင်ခဲ့လို့ အရှုံးပေးသွားရတာပါ။ ပွဲချိန် ၃၃ မိနစ်မှာ အာဆင်နယ်အတွက် သီယို ဝေါလ်ကော့ (Theo Walcott) က မန်စီးတီးဂိုးဧရိယာအစပ်ကနေ ညာခြေနဲ့ အပြင်းကန်သွင်းပြီး အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ အာဆင်နယ်အတွက် အခုတလော ခြေစွမ်းပြ ဂိုးတွေသွင်းပေးနေတဲ့ ဂျရူး (Olivier Giroud) က ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ မန်စီးတီးအတွက် နှစ်သိမ့်ဂိုးကိုတော့ ပွဲချိန် ၈၂ မိနစ်မှာ ယာယာတိုရေး (Yaya Toure) က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ အာဆင်နယ်က ၃၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာ၊ မန်စီးတီးက ၃၂ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up