Home
မြန်မာသတင်း
အီးယူက မြန်မာကို ယူရိုငွေ သန်း ၇၀ ထပ်ကူညီပေးမည်
DVB
·
December 21, 2015
969566_197056513777229_1309900842_n
မြန်မာနိုင်ငံမှာ အစားအစာနဲ့ အာဟာရဖူလုံ‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေးနဲ့ ငြိမ်းချမ်း‌ရေး တည်‌‌ဆောက်‌‌ဖို့အတွက် ယူရိုငွေ သန်း ၇၀ (ကျပ် ၁၀၀ ဘီလျံ) ထပ်မံ အကူအညီ ပေးသွားမယ်လို့ အီးယူ ဥရောပသမဂ္ဂက ကြေညာလိုက်ပါတယ်။ အသစ်ထပ်ချပေးလိုက်တဲ့ ဒီရန်ပုံငွေတွေဟာ ငါးမွေးမြူရေးစီမံကိန်းကတဆင့် ဆင်းရဲမှုလျော့ချ အစာအစားအစာနဲ့ အာဟာရ ဖူလုံစေဖို့၊ မြန်မာရဲတပ်ဖွဲ့ကို ခေတ်မီတဲ့ရဲတပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရေး ဆက်လက်ပံ့ပိုးသွားဖို့နဲ့ ရေရှည်အောင်မြင်တဲ့ ငြိမ်းချမ်းရေးရဖို့ အဓိက ကိစ္စသုံးခုမှာ သုံးစွဲသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး ရိုလန်ကိုဘီယာက ဒီဇင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်မှာပြောပါတယ်။ ရေရှည်တည်တံ့တဲ့ ငါးမွေးမြူရေး စီမံကိန်းအတွက်တော့ ယူရိုသန်း ၂၀၊ တရားဥပဒေစိုးမိုးရေး မြှင့်တင်ဖို့ ယူရို သန်း ၃၀ နဲ့ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ပံ့ပိုးပေးသွားဖို့ သန်း ၂၀ သတ်မှတ်ထားတယ်လို့လည်းဆိုပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေးတွေ စတင်ကတည်းက အီးယူက မြန်မာနိုင်ငံ အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျော့ပေးပြီး ရန်ပုံငွေတွေ အမြောက်အများကူညီပေးနေတာ လည်းဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024