မြန်မာလူငယ် ၂ ဦး အာဆီယံလူငယ်စာရေးဆရာဆု ရရှိ (သတင်းဓာတ်ပုံ)
DVB
·
December 21, 2015
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပတဲ့ ၂၀၁၅ အာဆီယံ လူငယ်စာရေးဆရာဆုပေးပွဲမှာ မြန်မာနိုင်ငံက လူငယ် စာရေးဆရာမ စောယုနွယ်နဲ့ တင့်တင့်စန္ဒီတို့ ၂ ဦးလည်း ဆုရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။
အရှေ့တောင်အာရှ စာရေးဆရာ ဆု ရွေးချယ်ရေးအဖွဲ့က ဒေသတွင်း နိုင်ငံတွေက အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်အကြား လူငယ်တွေထံက စာမူတွေနှစ်စဉ်ဖိတ်ခေါ်ရာမှာ ပေးပို့တဲ့ စာမူပေါင်း ၁၄၀၀ ကျော်ထဲက ဆုရွေးချယ်ချီးမြှင့်တာပါ။
မိခင်ဘာသာနဲ့ အင်္ဂလိပ်ဘာသာဆိုပြီး ကဏ္ဍနှစ်မျိုးအတွက် ဆုပေးရာမှာ အာဆီယံ ၁၀ နိုင်ငံအနက် အင်ဒိုနီးရှားနဲ့ လာအိုနိုင်ငံတွေက ၁ ဦးစီ ဆုရွေးချီးမြှင့်ခံရပြီး မြန်မာအပါအ၀င် ကျန်နိုင်ငံတွေကတော့ တနိုင်ငံ ၂ ဦးစီရွေးချယ် ခံရပါတယ်။
စောယုနွယ်က Daily Ignorance စာမူနဲ့ ဆုရရှိခဲ့ပြီး တင့်တင့်စန္ဒီက Welcome to Joe’s စာမူနဲ့ ရရှိခဲ့ကြတာဖြစ်ပါတယ်။
ဓာတ်ပုံ - ASEAN Young Writers Award