မြန်မာလူငယ် ၂ ဦး အာဆီယံလူငယ်စာရေးဆရာဆု ရရှိ (သတင်းဓာတ်ပုံ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပတဲ့ ၂၀၁၅ အာဆီယံ လူငယ်စာရေးဆရာဆုပေးပွဲမှာ မြန်မာနိုင်ငံက လူငယ် စာရေးဆရာမ စောယုနွယ်နဲ့ တင့်တင့်စန္ဒီတို့ ၂ ဦးလည်း ဆုရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။ အရှေ့တောင်အာရှ စာရေးဆရာ ဆု ရွေးချယ်ရေးအဖွဲ့က ဒေသတွင်း နိုင်ငံတွေက အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်အကြား  လူငယ်တွေထံက စာမူတွေနှစ်စဉ်ဖိတ်ခေါ်ရာမှာ ပေးပို့တဲ့ စာမူပေါင်း ၁၄၀၀ ကျော်ထဲက ဆုရွေးချယ်ချီးမြှင့်တာပါ။ မိခင်ဘာသာနဲ့ အင်္ဂလိပ်ဘာသာဆိုပြီး ကဏ္ဍနှစ်မျိုးအတွက် ဆုပေးရာမှာ အာဆီယံ ၁၀ နိုင်ငံအနက် အင်ဒိုနီးရှားနဲ့ လာအိုနိုင်ငံတွေက ၁ ဦးစီ ဆုရွေးချီးမြှင့်ခံရပြီး မြန်မာအပါအ၀င် ကျန်နိုင်ငံတွေကတော့ တနိုင်ငံ ၂ ဦးစီရွေးချယ် ခံရပါတယ်။ စောယုနွယ်က Daily Ignorance စာမူနဲ့ ဆုရရှိခဲ့ပြီး တင့်တင့်စန္ဒီက Welcome to Joe’s စာမူနဲ့ ရရှိခဲ့ကြတာဖြစ်ပါတယ်။ ဓာတ်ပုံ - ASEAN Young Writers Award    

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up