A d v e r t i s e m e n t With Us

နာတာရှည်ကလေးငယ်များရန်ပုံငွေ ခရစ္စမတ် ဘိုးဘိုးကြီးများ အပြေးပြိုင်ပွဲ (ရုပ်သံ)

ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ နာတာရှည်လူနာ ကလေးငယ်တွေအတွက် ရည်ရွယ်ကျင်းပတဲ့ ခရစ္စမတ်ဘိုးဘိုးကြီးဝတ်စုံတွေ ၀တ်ဆင်ယှဉ်ပြိုင်ရတဲ့ အပျော်တမ်း ရန်ပုံငွေ အပြေးပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ စန်တာကလော့စ်ဝတ်စုံတွေ ၀တ်ဆင်ထားတဲ့ ပြိုင်ပွဲဝင် ၁၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒီအပြေးပြိုင်ပွဲကို ပြေးခုန်ပစ်ကလပ်တခုမှ ဦးစီးကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်တွေအနေနဲ့ မှတ်ပုံတင်ကြေး တဦးကို ရုရှားရူဘယ်လ်ငွေ ၈၀၀ (အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာနီးပါး) ပေးသွင်း ယှဉ်ပြိုင်ရတာပါ။ ပြေးရမယ့် ခရီးအကွာအဝေးကို ပြိုင်ပွဲဝင်တွေအနေနဲ့ ၅ ကီလိုမီတာ ဒါမှမဟုတ် ၁၀ ကီလိုမီတာ ရွေးချယ်နိုင်ပြီး ၂ ခုလုံး မရွေးချယ်သူတွေကိုတော့ “Lazy Father Frost” အမည်နဲ့ ဒီလှူဒါန်းမှုသက်သက်ကို ပြုလုပ်ခွင့် ပြုထားတာပါ။ “Father Frost” ဆိုတာ စန်တာကလော့စ် ခရစ္စမတ်ဘိုးဘိုးကြီးကို ရုရှားနိုင်ငံမှာ ခေါ်တဲ့အမည် ဖြစ်ပါတယ်။ ခုကျင်းပတဲ့ ပြိုင်ပွဲဝင်တွေရဲ့ မှတ်ပုံတင်ကြေးတွေ၊ လှူဒါန်းမှုတွေ အားလုံးကို မော်စကိုမြို့မှ နာတာရှည် ကလေးလူနာတွေကို ထောက်ပံ့ကူညီပေးသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လာမယ့်ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်မယ့် ခရစ္စမတ်နေ့မှာ အဲဒီကလေးငယ်တွေကို ခရစ္စမတ်ဘိုးဘိုးကြီးဝတ်စုံတွေ ၀တ်ဆင်ကာ နှစ်သစ်ကူးလက်ဆောင်တွေ ပေးသွားမှာလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up