A d v e r t i s e m e n t With Us

ဆီးရီးယားမြို့တော်တွင် လူနေအဆောက်အဦတလုံး ဗုံးခွဲတိုက်ခိုက်ခံရ၊ ၁၂ ဦးသေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
ဆီးရီးယားနိုင်ငံ မြို့တော် ဒမာစကတ်မှာရှိတဲ့ လူနေအဆောက်အဦတလုံး ဒီဇင်ဘာ ၁၉ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခံရတဲ့အတွက် လူ ၁၂ ဦး သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရသွားပါတယ်။ ၆ ထပ် အဆောက်အဦကို ညသန်းခေါင်အချိန်မှာ တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့အကြောင်း သိပ်မဝေးတဲ့နေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆီးရီးယားအစိုးရ စစ်သားတဦးက ပြောပြပါတယ်။ အခြေအနေဆိုးနေတဲ့ ဆီးရီးယားမှာ အခုလောက် ကျယ်လောင် ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှုမျိုး မကြားခဲ့ဖူးဘူးလို့ စစ်သား အာလီက ပြောပါတယ်။ မီးလောင်ပေါက်ကွဲမှု ဖြစ်တယ်လို့ ဆီးရီးယား အရာရှိတွေက ဆိုပေမယ့် လက်ဘနွန် ဟစ္စဘိုလာ အဖွဲ့ကတော့  အစ္စရေးလေကြောင်းထိုးစစ်က သူတို့အဖွဲ့ အကြီးတန်း ခေါင်းဆောင်တဦးကို ပစ်မှတ်ထားတာ တိုက်ခိုက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။ ဟစ္စဘိုလာအဖွဲ့ရဲ့  ဒီလို ပြောဆိုချက်ကို ဆီးရီးယား အစိုးရက အတည်ပြုချက် မပေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up