A d v e r t i s e m e n t With Us

ရာသီကုန်တွင် ဂွါဒီယိုလာ အသင်းမှထွက်မည်ဟု ဘိုင်ယန်မြူးနစ် ကြေညာ

ဓာတ်ပုံ - ရိုက်တာ
ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းဟာ အခုရာသီအကုန်မှာ နည်းပြ ဂွါဒီယိုလာ  အသင်းကနေ ထွက်ခွာတော့မယ်လို့ ဒီဇင်ဘာ ၂၀ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဂွါဒီယိုလာနေရာကိုတော့ စပိန် ရီးရဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း  အန်ဆယ်လော့တီနဲ့ အစားထိုးဖို့ သဘောတူညီမှု ရရှိထားပြီလို့ ကြေညာခဲ့ပါတယ်။ ဘိုင်ယန်အသင်းအနေနဲ့ ဂွါဒီယိုလာကို နည်းပြလုပ်ပေးခဲ့တဲ့ ကာလတွေအတွက်  အထူးကျေးဇူးတင်ပြီး အခုရာသီမှာ အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဖော်ပြထားပါတယ်။ ဂွါဒီယိုလာအနေနဲ့ နောက်ရာသီမှာ ပရီးမီးယားလိဂ် အသင်းတခုခုကို  လာရောက်နည်းပြဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up