A d v e r t i s e m e n t With Us

မဟာဗန္ဓုလပန်းခြံသမိုင်းအကျဉ်း ရေးထိုးထားသည့် အပြာရောင်ကမ္ပည်းပြား တပ်ဆင်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊  ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ Royal Philips Corporation တို့ ပူးပေါင်းဆောင်ရွက်ပြီး မဟာဗန္ဓုလပန်းခြံမှာ အပြာရောင် ကမ္ပည်းပြား တပ်ဆင်လိုက်ပါတယ်။ Mahar-BanDuHla-Park2ဒီဇင်ဘာ ၂၁ ရက် မနက် ၇ နာရီက မဟာဗန္ဓုလပန်းခြံ (၁၈၇၆) လို့ ပန်းခြံရဲ့ သမိုင်းအကျဉ်း ရေးထိုးထားတဲ့ အဲဒီ အပြာရောင် ကမ္ပည်းပြားကို ရန်ကုန်မြို့တော်ဝန် ဦးသိန်းအောင်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးလိုက်တာပါ။ မဟာဗန္ဓုလပန်းခြံဟာ အရင်က ဖိုက်စကွဲယားလို့ အမည်တွင်ခဲ့ပြီး နိုင်ငံ့သမိုင်းတလျှောက် အရေးပါတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ရာနေရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတဲ့နေ့မှာပဲ ၀န်ကြီးချုပ် ဦးနုက လက်ရှိ လွတ်လပ်ရေးကျောက်တိုင်ကို အုပ်မြစ်ချပေးခဲ့ပြီး ခေတ်အဆက်ဆက် ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းတွေနဲ့ အများပြည်သူစုဝေးရာ နေရာတခု ဖြစ်ပါတယ်။ အခုလို ရန်ကုန်မြို့ရဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေကို အပြာရောင် ကမ္ပည်းပြား တပ်ဆင်ဖို့အတွက် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ တော်ဝင် ဖီးလစ်(Royal Philips) ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကမ္ပည်းပြားတွေကို ထူးခြား ဗိသုကာ လက်ရာရှိတဲ့ အဆောက်အဦတွေ၊ ထင်ရှားကျော်ကြားသူတွေရဲ့ နေအိမ်တွေ အပါအ၀င် သမိုင်းအတွက်အရေးပါတဲ့ အဆောက်အအုံတွေမှာ ဆက်လက်တပ်ဆင်သွားမယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up