ကမ္ဘာ့ကလပ်ချန်ပီယံ ဗိုလ်လုပွဲ ဘာစီလိုနာ ၃ – ၀ ရေးဗားပလိပ် (ရုပ်သံဟိုက်လိုက်)

2.5K
ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့မှာ ဒီဇင်ဘာ ၂၀ ရက်နေ့က ကစားခဲ့တဲ့ ကမ္ဘာ့ကလပ်ချန်ပီယံ ဗိုလ်လုပွဲမှာ စပိန်ထိပ်သီး ဘာစီလိုနာအသင်းက အာဂျင်တီးနားကလပ် ရေးဗားပလိတ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ကမ္ဘာ့ကလပ်ချန်ပီယံ သရဖူကို ၃ ကြိမ်မြောက် ဆွတ်ခူးသွားပါတယ်။
ဆီမီးဖိုင်နယ်တုန်းက ကျန်းမာရေးကြောင့် ဝင်မကစားနိုင်ခဲ့တဲ့ တိုက်စစ်မှူး မက်ဆီက အခုပွဲမှာ ပါဝင်ကစားခဲ့ပြီး ၃၆ မိနစ်မှာ အဖွင့်ဂိုးကို သွင်းပေးခဲ့ပါတယ်။
နောက် ၂ ဂိုးကိုတော့ ဆွာရက်ဇ်က ၄၉ မိနစ်နဲ့ ၆၈ မိနစ်တွေမှာ သွင်းပေးခဲ့ပါတယ်။
တတိယနေရာလုပွဲမှာတော့ ဂျပန် ဟီရိုရှီးမားကလပ်က တရုတ်ကလပ် ကွန်ကျိုး အဲဗားဂရန်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။