A d v e r t i s e m e n t With Us

ဘေးလ်တဦးတည်း ၄ ဂိုးသွင်းပြီး ရီးရဲလ်မက်ဒရစ် ဂိုးပြတ်နိုင် (ရုပ်သံဟိုက်လိုက်)

စပိန် လာလီဂါ ပွဲစဉ် ၁၆ အဖြစ် နာမည်ကြီး ရီးရဲလ်မက်ဒရစ်နဲ့ ရေယို ဗက်လက်ကာနိုတို့ ဒီဇင်ဘာ ၂၀ ရက်ညက ယှဉ်ပြိုင်ရာ ရီးရဲလ်မက်ဒရစ်က ၁၀ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ရီးရဲလ်အိမ်ကွင်းမှာ ကစားရတဲ့ ဒီပွဲစဉ် ပထမပိုင်းမှာပဲ ဗက်လက်ကာနိုအသင်းက ကစားသမား ၂ ယောက် အထုတ်ခံခဲ့ရပါတယ်။ နှစ်သင်းစလုံး ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်းရှိပေမယ့် ၂ ယောက်အထုတ်ခံခဲ့ရတဲ့ ဗက်လက်ကာနိုအသင်း ရီးရဲလ်ကို မယှဉ်နိုင်ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာပါ။ ရီးရဲလ်အတွက် ဂိုးတွေကို ပထမပိုင်း ၃ မိနစ်မှာ ဒန်နီလို (Danilo)၊ ၂၅ မိနစ်၊ ၄၁ မိနစ်၊ ၆၁ မိနစ်နဲ့ မိနစ် ၇၀ တွေမှာ ဂါရတ်သ်ဘေးလ် (Bale) တဦးတည်း ၄ ဂိုး၊ မိနစ် ၃၀ နဲ့ ၅၃ မိနစ်မှာ ရော်လ်နယ်ဒို (Ronaldo) က ၂ ဂိုးနဲ့ ၄၈ မိနစ်၊ ၇၉ မိနစ်နဲ့ မိနစ် ၉၀ တွေမှာ ဘန်ဇီမာ (Benzema) က ၃ ဂိုး အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ဗက်လက်ကာနိုအတွက် နှစ်သိမ့်ဂိုး ၂ ဂိုးကိုတော့ ၁၀ မိနစ်မှာ အန်တိုနီယို အာမာယာ (Antonio Amaya) နဲ့ ၁၂ မိနစ်မှာ ဂျိုဇာဘက် (Jozabed) တို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲစဉ်အပြီးမှာတော့ ရီးရဲလ်မက်ဒရစ်က ရမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ဗက်လက်ကာနိုကတော့ ၁၄ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up